သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် မျက်မမြင်လှုပ်ရှားသူ ပြည်ပ ပညာသင်ခွင့်လျှောက်ထားနိုင်


တရုတ်နိုင်ငံက မျက်မမြင် အတိုက်အခံရှေ့နေ Chen Guangcheng အနေနဲ့ ပြည်ပထွက် ပညာသင်ကြား လိုက သင်ကြားနိုင်ကြောင်း အာဏာပိုင်တွေ ပြောကြားလိုက်ပါတယ်။ တရုတ်အာဏာပိုင်တွေဘက်က အခုလို ပြောဆိုလိုက်တာဟာ သူ့ကို နေအိမ် အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားရာက ထွက်ပြေး ပြီး ဘေဂျင်းမြို့မှာရှိတဲ့ အမေရိကန်သံရုံးမှာ ခိုလှုံနေခဲ့တာကြောင့် တရုတ်နဲ့အမေရိကန်အကြား သံတမန်ရေးအရ တင်းမာမှုတွေ ဖြစ်ပေါ်နေတာ ပြေလည်တော့မယ့် အရိပ်လက္ခဏာလည်း ဖြစ်ပါတယ်။

မျက်မမြင်ရှေ့နေချန်းရဲ့ အမှုကိစ္စအပေါ် တရုတ်အစိုးရရဲ့ နောက်ဆုံးရပ်တည်ချက်နဲ့ ပတ်သက်လို့ ကျေနပ် အားရမိကြောင်းနဲ့ သူ့ကိစ္စမှာ တိုးတက်မှု ရှိလာနေတယ်လို့ ယူဆကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton ကလည်း ဘေဂျင်းမြို့မှာ ဒီကနေ့ ပြောပါတယ်။ တရုတ် အာဏာပိုင်တွေနဲ့ နှစ်စဉ် ကျင်းပတဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို တက်ဖို့အတွက် ဘေဂျင်းမြို့ကို ရောက်နေတဲ့ ဝန်ကြီးကလင်တန်ရဲ့ ခရီးစဉ်ဟာ ရှေ့နေချန်းရဲ့ ကိစ္စက လွှမ်းမိုးထားသလို ဖြစ်နေပါတယ်။

ရှေ့နေချန်းကိုထောက်ခံပြီး သူလွတ်မြောက်ရေးအတွက် ကူညီပေးခဲ့သူ Guo Yushan ကတော့ နယူးယောက် တက္ကသိုလ်မှာ စာလာသင်ဖို့ ဖိတ်ကြားစာ လက်ခံ ရရှိထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ချန်းအနေနဲ့ တရုတ်နိုင်ငံကို ပြန်မလာခင် အမေရိကန်ပြည်ထောင်စုကို ခဏသွားလည်လိုတဲ့အကြောင်း Guo က ပြောပါတယ်။

တရုတ်နိုင်ငံမှာ ဆက်နေရင် သူ့လုံခြုံရေးအတွက် စိုးရိမ်ရတာကြောင့် လောလောဆယ် အခြေအနေမှာ မိသားစုနဲ့အတူ အမေရိကန်နိုင်ငံကို လာရောက် နေထိုင်လိုကြောင်း သောကြာနေ့က Chen Guangcheng က အကြိမ်ကြိမ် တောင်းဆိုလိုက်ပြီး တဲ့နောက် အခုလို တရုတ်အာဏာပိုင်တွေဘက်က ထုတ်ဖော် ပြောဆို လာတာလည်း ဖြစ်ပါတယ်။

ချန်အနေနဲ့ ပြည်ပမှာသွားပြီး ပညာသင်ကြားလိုတယ်ဆိုရင်တော့ တခြားသာမန် တရုတ်နိုင်ငံသားတွေ နည်းတူ လျှောက်ထားပြီး ထွက်ခွာနိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin က သောကြာနေ့မှာ ပြောလိုက်တာပါ။

XS
SM
MD
LG