သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသတ်ခံရတဲ့ မက္ကဆီကို သတင်းထောက်အလောင်းများ တွေ့ရှိ

မက္ကဆီကိုနိုင်ငံမှာ မူးယစ်ရာဇာတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်လို့ ပြောဆိုကြတဲ့ လူ အများအပြား သေဆုံးမှုတွေထဲမှာ ကြာသာပတေးနေ့ကတော့ အရှေ့ပိုင်း Veracruz ပြည်နယ်မှာ မက္ကဆီကန် လူမျိုး သတင်းသမားသုံးယောက်ရဲ့ ရုပ်ပျက်နေတဲ့ အလောင်းတွေကို တွေ့ခဲ့ရပါတယ်။

တာဝန်ရှိသူတွေရဲ့ အဆိုအရ သူတို့ဟာ Guillermo Luna Varela ၊ Gabriel Huge နဲ့ Esteban Rodriguez တို့ ဖြစ်ကြပါတယ်။ Luna က Veracruznews သတင်းအေဂျင်စီရဲ့ ဓာတ်ပုံသတင်းထောက်ဖြစ်ပြီး Gabriel ကတော့ ဒေသတွင်းနိုတီဗာ သတင်းစာက ဓာတ်ပုံသတင်းထောက် ဖြစ်ပါတယ်။ မစ္စတာဘဲန်ကတော့ AZ သတင်းစာအတွက် လုပ်ကိုင်သူ သတင်းသမားဖြစ်တယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။

နောက်ထပ် တွေ့ရတဲ့ စတုတ္ထအလောင်းကတော့ Luna ရဲ့ မိန်းကလေးမိတ်ဆွေဖြစ်ပါတယ်။ နောက်ထပ် သတင်းသမားတဦးဖြစ်တဲ့ Regina Martinez ကတော့ သူမရဲ့ အိမ်မှာ ရိုက်နှက်သတ်ဖြတ်ခံခဲ့ရပြီး Boca del Rio မြို့က တူးမြောင်းထဲမှာလည်း နောက်ထပ် အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG