သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ဂျာဇီးရားသတင်းထောက် တရုတ်နှင်ထုတ်

တရုတ်နိုင်ငံဆိုင်ရာ Al-Jazeera အင်္ဂလိပ်သတင်းဌာနရဲ့ တဦးတည်းသော သတင်းထောက်ကို တရုတ် အာဏာပိုင်တွေက ပြင်နှင်ဒဏ်ပေးလိုက်ပြီး pan-Arab သတင်းဌာကလူနဲ့လည်း အစားထိုးပေးဖို့ ငြင်းဆို လိုက်ပါတယ်။

အယ်လ်ဂျာဇီးရားသတင်းထောက် Melissa Chan ကို သတင်းထောက်အဖြစ် အသိအပြုတာကို သက်တမ်း ထပ်တိုးမပေးတဲ့အပြင် တခြား တယောက် နဲ့လည်း အစားဖို့ ခွင့်မပြုတာကြောင့် သူတို့အနေနဲ့ တခြား ရွေးချယ်လမ်းမရှိတော့တဲ့အတွက် ဘေဂျင်းဗြူရိုကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကာတာနိုင်ငံ အခြေစိုက် အယ်လ်ဂျာဇီးရား သတင်းဌာနက ပြောပါတယ်။

ဒါဟာ တရားဝင်အသိအမှတ်ပြုထားတဲ့ သတင်းဌာနတခုက သတင်းထောက်ကို တရုတ်နိုင်ငံအနေနဲ့ ၁၉၉၈ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ပြည်နှင်ဒဏ်ပေးခြင်းလည်း ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ ဒီ ဆုံးဖြတ်ချက်အပေါ် သူတို့အနေနဲ့ အံ့အားသင့်မိကြောင်း နိုင်ငံခြား သတင်းထောက်များ အသင်း၊ တရုတ်နိုင်ငံက ဒီကနေ့ ပြောကြား လိုက်ပြီး ဒါဟာ နိုင်ငံခြားသတင်းထောက်တွေအပေါ် ဆင်ဆာဖြတ်ပြီး ကြောက်အောင် ခြိမ်းချောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သတင်းထောက် Melissa Chan အနေနဲ့ ဘယ်ဥပဒေနဲ့ ဘယ်စည်းတွေကို ချိုးဖောက်တယ်ဆိုတာကို ရှင်းလင်းပြောကြားဖို့လည်း တရုတ်အာဏာပိုင် တွေဘက်က ပျက်ကွက်ခဲ့တယ်လို့ အဲဒီ နိုင်ငံခြား သတင်းထောက်များအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

နိုင်ငံခြားသတင်းထောက်တွေနဲ့ တက်တက်ကြွကြွ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Melissa Chan ကို ဘာကြောင့် ပြည်နှင်ဒဏ် ပေးလိုက်တယ် ဆိုတဲ့အပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Hong Lei ရှင်းလင်း ပြောပြခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံခြား သတင်းထောက်တွေ အနေနဲ့ တရုတ်နိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရမယ်လို့ သတိပေး ပြောကြားခဲ့ပါ တယ်။

This item is part of
XS
SM
MD
LG