သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် Passport ရပြီ။


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Passport နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတို့ကို ခရီးထွက်ဖို့ ပြင်ဆင်နေတာပါ။

Passport ကို ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ရန်ကုန်မြို့မှာ ထုတ်ပေးလိုက်တာလို့ NLD တာဝန်ရှိ သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီပါ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က Passport ထုတ်ပေးဖို့ လျှောက်ထားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၁၉၈၈ ခုနှစ်က မိခင်ကြီး ဒေါ်ခင်ကြည် နေမကောင်းဖြစ်နေတာ ကို ဆေးကုပေးဖို့ ရောက်လာကတည်းက Passport မရှိတော့ဘဲ ဖြစ်နေခဲ့တာပါ။ အခုထုတ်ပေးတဲ့ Passport သက်တမ်းဟာ ၃ နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရစဉ်ကာလတွေအတွင်း ပြည်ပကိုထွက်ခွာဖို့ အခွင့်အရေးရခဲ့ပေမဲ့ လည်း မြန်မာနိုင်ငံကို ပြန်လာလို့ မရတော့မှာ စိုးရိမ်တဲ့အတွက် ၁၉၉၉ ခုနှစ်က ကင်ဆာရောဂါနဲ့ ကွယ်လွန် ကာနီးဖြစ်နေတဲ့ ခင်ပွန်းသည် Michael Aris ကိုတောင် သွားမတွေ့ဘဲ နေခဲ့တာပါ။

XS
SM
MD
LG