သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆို

ပြင်သစ်နိုင်ငံမှာ အင်္ဂါနေ့က သမ္မတသစ် ဖြစ်တဲ့ Francois Hollande က သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

မစ္စတာ အိုလွန်းဒ် ရဲ့ ကျန်းသစ္စာ ကျိန်ဆိုတဲ့ အခန်းအနားကို ပြင်သစ် နိုင်ငံ ပါရီမြို့လယ်က Elysee နန်းတော်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ သူဟာ ၁၉၉၅ခုနှစ်က ဆိုရှယ်လစ် -ဝါဒီ ခေါင်းဆောင် Francois Mitterrand အနားယူ သွားတဲ့ နောက် ပထမဆုံး တက်လာတဲ့ ဆိုရှယ်လစ် ခေါင်းဆောင် ဖြစ်ပါတယ်။

အင်္ဂါနေ့ နှောင်းပိုင်းမှာတော့ မစ္စတာ အိုလွန်းဒ် ဟာ ဂျာမဏီ နိုင်ငံ ဘာလင်မြို့ကို သွားရောက်ပြီး ဥရောပဒေသ တလွှားက ကြွေးမြီပြဿနာတွေကို ဆွေးနွေးဖို့ အတွက် ဂျာမဏီ ဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ပြင်သစ် သမ္မတသစ် အနေနဲ့ ယူရိုငွေကြေး သုံးစွဲတဲ့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေ ကြားမှာ သဘောတူညီမှုမရနိုင်တဲ့ ခြိုးခြံချွေတာရေး ကိစ္စဆိုင်ရာ အတွက် ပြန်လည် ညှိနှိုင်းမှုတွေ လုပ်ဆောင်မှာ ဖြစ် ပါတယ်။ ဒါဟာ သူ သမ္မတ လောင်းအဖြစ် ဝင်ရောက် အရွေးခံရာမှာ မဲဆန္ဒရှင်တွေကို ကတိပေးထား ချက် ဖြစ်တာမို့ ဂျာမဏီဝန်ကြီးချုပ် နဲ့ တွေ့ဆုံပွဲမှာ သူ့ရဲ့ ကတိပေးချက်ကို ခိုင်မာအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းချက် တခုဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG