သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Australia နှင့် အမေရိကန်စစ်ရေးဆက်ဆံမှု တရုတ်စိတ်ပူစရာမလို


သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးပိုမိုနက်ရှိုင်းလာပြီးတော့ သြစတြေးလျ မြောက်ပိုင်းနယ်မြေတွေမှာ အမေရိကန်မရိန်းတပ်တွေ ပိုမိုချရပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံက စိုးရိမ်စိတ်မကြီးဖို့ တရုတ်ပြည်ကို ပထမအကြိမ် ရောက်ရှိလာတဲ့ သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Bob Carr က ကာကွယ်ပြောကြားသွားပါတယ်။

မစ္စတာကားရ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး Yang Jiechi ၊ နောက် တရုတ်တပ်မတော် ဒုတိယဦးစီးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝေဖုန်ဟေး (Wei Fenghe) အင်္ဂါနေ့က ဘေဂျင်းမှာတွေ့ဆုံရင်း ပြောကြားခဲ့တာ ဖြစ် ပါတယ်။ သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ စစ်ရေးဆက်ဆံမှု တိုးချဲ့တာဟာ သြစတြေးလျရဲ့ လုံခြုံမှုအတွက်သာဖြစ်တဲ့အကြောင်း၊ အမေရိကန်ပြည်ထောင်စုဟာ အာရှ-ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းတည်ငြိမ်မှု အတွက် အာမခံထားတယ်လို့ သြစတြေးလျက ယုံကြည်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်မှုဟာ တရုတ်ပြည်အပါအဝင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်တဲ့အကြောင်း မစ္စတာ ကားရ်က ပြောကြားသွားပါတယ်။

ဒါပေမယ့် သြစတြေးလျဟာ စစ်အေးကာလ မဟာမိတ်ဖွဲ့မှုကို ပြန်လည်ဖော်ဆောင်နေတဲ့အကြောင်း၊ အဲဒီ စစ်အေးကာလ မဟာမိတ်ဖွဲ့မှုဟာ ခေတ်ကုန်သွားပြီဖြစ်လို့ တရုတ်အစိုးရက ပြောကြားသွားပါတယ်။

XS
SM
MD
LG