သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူစုံမက်သူတွေ လက်ထပ်ထိမ်းမြားခွင့် အမေရိကန်သမ္မတအိုဘားမားထောက်ခံ


အမေရိကန်၊ ဝါရှင်တန်မြို့တော်ရှိတဲ့ District of Columbia, ကိုလံဘီယာအထူးဒေသအပြင် တခြားပြည်နယ်ခြောက်ခုတွေမှာ လိင်တူခြင်းလက်ထပ်ထိမ်းမြားခွင့်ပေးထားပါတယ်။ တခြား ၃၈ ပြည်နယ်မှာ တော့ အခြေခံဥပဒေ ဖြည့်စွက်ချက်၊ ပြဌာန်းချက်တွေလုပ်ပြီး တားမြစ်ထားပါတယ်။ လိင်တူစုံမက်သူတွေအနေနဲ့ လူသားတွေရဲ့ရပိုင်ခွင့်တွေရှိရမယ်ဆိုတာ အမေရိကန်မှာ အားလုံး လိုလိုက လက်ခံပေမယ့် လက်ထပ်ထိမ်းမြားတယ်ဆိုတာက ဘာသာရေးနဲ့ရှေးရိုးစဉ်လာ ဘောင်တွေ ရှိတာကြောင့် ထုံးတမ်းစဉ်လာကို မထိပါးသင့်ဘူးလို့ ယူဆသူတွေရှိနေချိန်မှာ သမ္မတအိုဘားမားက အမေရိကန်တပ်အတွင်းမှာ မမေးနဲ့ ၊ မပြောနဲ့ဘောင်ကို ကျော်ပြီး လိင်တူစုံမက်သူတွေ စစ်မှုထမ်းခွင့် ရနေပါပြီ။ ဒါပေမယ့် လက်ထပ်ထိမ်းမြားခွင့်ကိုတော့ မရနိုင်ကြသေးတာတွေ့ရတဲ့အချက်တွေကို စဉ်းစားပြီး သူ့အမြင်တွေပြောင်းလဲလာတယ်လို့ သမ္မတအိုဘားမားပြောခဲ့တာကို ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ ဦးသန်းလွင်ထွန်းနဲ့ မခင်ဖြူထွေးတို့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

XS
SM
MD
LG