သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ်လိုအပ်လျှင် အင်အားသုံးမည်

အီရန်နိုင်ငံ Nuclear လက်နက်ရမသွားအောင် တားဆီးဖို့ လိုအပ်လာရင် အမေရိကန်နိုင်ငံအနေနဲ့ စစ်အင်အား အသုံးပြုမှာဖြစ်ပြီး တကယ်လို့ အင်အားသုံး တိုက်ခိုက်ရမယ်ဆိုရင် တိုက်ခိုက်ရေးအတွက် အစီအစဉ်အသင့် ရှိထားပြီးပြီလို့ အစ္စရေးနိုင်ငံဆိုင်ရာအမေရိကန်သံတမန်ကပြောလိုက်ပါတယ်။

အစ္စရေး ဥပဒေအဖွဲ့တခုကို တွေ့ဆုံရာမှာ ဒီNuclear ပြဿနာကို စစ်အင်အားသုံးပြီး ဖြေရှင်းဖို့ထက် သံတမာန်နည်းနဲ့ ဖိအားပေးဖြေရှင်းချင်ပါကြောင်း သံအမတ် Daniel Shapiro ကပြောဆိုပါတယ်။ သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့ တဖြည်းဖြည်း အချိန်နည်းလာပြီဆိုတာကို သိပါကြောင်း၊ အချိန်ရှိတယ် ဆိုပေမဲ့ သံတမာန်နည်းသုံးလို့မရတော့တဲ့ အချိန်မှာတော့ ဆုံးဖြတ်ချက်တခုချရမှာဖြစ်တယ်လို့ သူက ပြောဆိုပါတယ်။

အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်ရဲ့မှတ်ချက်ကို အစ္စရေးသတင်းစာ Makor Rishon ကကြာသာပတေးနေ့က ဖော်ပြခဲ့ပါတယ်။

This item is part of
XS
SM
MD
LG