သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ပြည်ထောင်စုက တရုတ်နေရောင်ခြည်သုံး စွမ်းအင်ထုတ်ပစ္စည်းတွေကို မျှော်လင့်ထားတာထက် အခွန် တိုးကောက်ခံမယ့် အကောက်ခွန်စနစ် Tariff သတ်မှတ်လိုက်တာကြောင့် အမေရိကန်ရဲ့ ကာကွယ်ရေးမူဝါဒကို တရုတ်နိုင်ငံက ပြစ်တင်ပြောဆိုလိုက် ပါတယ်။

အမေရိကန်ဈေးကွက်ထဲမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက်တောင် နည်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချနေတဲ့ တရုတ်လုပ် နေရောင်ခြည်သုံး စွမ်းအင်ပစ္စည်းတွေကို အကောက်ခွန် ၃၁ % ကနေ ၂၅၀ % အထိ အမေရိကန် စီးပွားရေးနဲ့ အခွန်ဌာနက တိုးမြှင့်ကောက်ခံခဲ့တာပါ။

ပြီးခဲ့တဲ့လပိုင်းတွေက တရုတ်-အမေရိကန် နှစ်နိုင်ငံကြား တခြားကုန်သွယ်ရေး အငြင်းပွားမှုတွေကို ဖြေရှင်းခဲ့ပြီး တဲ့နောက် ကမ္ဘာ့ အကြီးဆုံး စီးပွားရေး နိုင်ငံကြီးနှစ်ခုကြားမှာ ကုန်သွယ်ရေး ဆက်သွယ်မှုတွေမှာ အခုလို ထိခိုက်မှုတွေ ဖြစ်လာတာပါ။

ချက်ခြင်းလက်တုံ့ပြန်မယ့် အန္တရာယ်မရှိနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hong Lei က သောကြာနေ့က ပြောလိုက်ပါတယ်။ ဒါပေမယ့် တိုးမြှင့်လိုက်တဲ့ အကောက်ခွန်အသစ်ဟာ သန့်ရှင်းတဲ့ အစားထိုးလောင်စာကဏ္ဍမှာ တရုတ်-အမေရိကန်စ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်လာနိုင်တယ်လို့ သူက ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG