အခုတပါတ် အနုပညာမိုးကောင်းကင်မှာ မြန်မာပြည်က သတင်းဓါတ်ပုံ ဖန်တီးမှုတွေနဲ့ ပတ်သက်တာကို နားဆင်ရမှာပါ။ မြန်မာပြည်မှာ သတင်းဂျာနယ်တွေ အရင်ကထက်ပိုပြီး များလာနေတယ်ဆိုပေမဲ့ သတင်းဓါတ်ပုံတွေကတော့ အိမ်နီးချင်း နိုင်ငံတချို့လောက် မထွန်းကားသေးပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သူတို့ရဲ့ လူမှုအထောက်အကူပြု လုပ်ငန်းတွေအတွက် မေလ၂၃ ရက်ကနေ ၂၅ရက်အထိ ဓါတ်ပုံပြပွဲလုပ်ပြီး ရံပုံငွေရှာခဲ့ပါတယ်။ အဲဒီပြပွဲမှာ သတင်းဓါတ်ပုံ တချို့ပြသခဲ့ပါတယ်။ ရန်ကုန်မြို့က အလွတ်သတင်းထောက် ကိုမြင့်ကျော်ရဲ့ဓါတ်ပုံတချို့လည်း NLDရဲ့ ဓါတ်ပုံပြပွဲမှာ ရွေးချယ်တင်ပြခဲ့တာမို့ ကိုမြင့်ကျော်ကို ဆက်သွယ်မေးမြန်းပြီး ကိုကျော်အောင်လွင်က တင်ဆက်ပါလိမ့်မယ်။
သတင်းဓါတ်ပုံဖန်တီးမှု
- Kyaw Lwin
