ခြောက်ရက်မြောက်နေ့အဖြစ် ဆန္ဒပြနေကြတဲ့ မှော်ဘီမြို့နယ် မြောင်းတကာ Yangon Crown (ရန်ကုန် သရဖူ) သံမဏိစက်ရုံမှာတော့ သူတို့ရဲ့ တောင်းဆိုချက်တွေ မရတဲ့အတွက် အလုပ်သမား တချို့က အစာငတ် ခံဆန္ဒပြမူကို စတင်လိုက်ပါတယ်။ အလုပ်သမား လေးရာကျော်လောက် ဆန္ဒပြနေ ကြတဲ့ ခြောက် ရက်မြောက်နေ့မှာ အလုပ်သမားနှစ်ဆယ်ကျော်လောက်က ဒီကနေ့ စပြီးတော့ အစာ ငတ်ခံဆန္ဒပြခဲ့ကြ တာ ဖြစ်ပါတယ်။ နောက်ဆုံးဖြေစ်နေတဲ့ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် ဗီအိုအေ (မြန်မာပိုင်း) သတင်းထောက် မအေးအေးမာက စုံစမ်းသိရှိထားသမျှ ပြောပြပေးပါဦးရှင်။
Yangon Crown သံမဏိစက်ရုံကအလုပ်သမားတွေဟာ ခြောက်ရက်မြောက်နေ့မှာတော့ ဆန္ဒပြမူ တွေ ဆက်လုပ်နေပြီး သူတို့တောင်းဆိုနေတဲ့ အခြေခံလစာတိုးပေးရေးကိစ္စတွေ ကို ဆောင်ရွက်ပေး ခြင်းမရှိတဲ့ အတွက် အစာငတ်ခံဆန္ဒပြတာကို မေလ ၂၅ရက်နေ့က စတင် လိုက်တာဖြစ်ကြောင်း အလုပ်သမားေ ခါင်းဆောင် ကိုနော်အောင်က ပြောပါတယ်။
ကိုနော်အောင် ။ ။ သူတို့ ရိုးရိုးဆန္ဒပြနေကြတာဟာ ဒီနေ့ဆို ခြောက်ရက ်ရှိသွားပါပြီ။ အင်အား လေး ရာလောက် ရှိပါတယ် ခင်ဗျာ။ အစာငတ်ခံဆန္ဒပြတာ ဒီနေ့ဆို (၂၅) ယောက်ပါ။ အစာငတ်ခံ ဆန္ဒပြတာကို ဒီနေ့မနက် (၉)နာရီမှာ အစီအစဉ် စတာပါ။ တနေ့ထက်တနေ့ ကျနော်တို့က ဆန္ဒပြသွားတာကို သူတို့စက်ရုံ ဘက်ကလည်း တနေ့ပြီးတနေ့ ကြေညာစာတမ်းတွေ ထွက်လာနေပါတယ်။ မေလ (၂၄) ရက်နေပနောက်ဆုံး ထားပြီး အလုပ်သမားတွေနေတဲ့ အဆောင်တွေကနေ ထွက်ပေးရမယ်လို့၊ သူတို့က ကြေညာစာ ထုတ်ထားပါ တယ်။ ကျနော်တို့က နေပူထဲမှာ ထိုင်နေကြတာ ငါးရက်မြောက် ခဲ့ပြီးပါပြီ။ ကျနော်တို့ဆီကိုလည်း ကျနော်တို့ လိုချင်တာတွေနဲ့ ပတ်သက်ပြီး တိတိကျကျညှိနှိုင်းဖို့လည်း သူတို့ဘက်က မလာပါဘူး။ နေပူထဲထိုင်နေတာ များလာတော့ အားလုံးက သေချင်စော်တွေ များနေ ပါပြီ။ ဒါ့ကြောင့် ကျနော်တို့က နောက်ဆုံး ဒါကို စီစဉ် လိုက်ရတာပါ။
အစာငတ်ခံဆနပြမူတွေ ညနေပိုင်းအထိရောက်လာခဲ့ပေမဲ့ အလုပ်သမားတွေ တောင်းဆိုတာမပေးနိုင် ကြောင်း အလုပ်ကနေ ထွက်သွားနိုင်ကြောင်း အလုပ်ရှင်ဘက်က တုန့်ပြန်မူတွေ လုပ်လာတယ်လို့ ဆိုပါတယ်။
ကိုနော်အောင် ။ ။ အခုအချိန်အထိတော့ ဘာမှ လိုက်လျောတာ မတွေ့ရသေးပါဘူး။ သူတို့က နောက် ထပ် ကျနော်တို့ကို ဖိနှိပ်တဲ့ ကြေညာခက်တစ်ခု ထပ်ထွက်လာပါတယ်။ ဒီလစာကိုတော့ ဘယ်လိုမှ မတိုးပေးနိုင်ပါဘူးတဲ့။ ဒီအလုပ်ကနေ ထွက်ကြပါ၊ ကိုယ့်သဘောနဲ့ကိုယ် ထွက်ကြပါတဲ့။ ကိုယ့်ဟာကိုယ် ဆိုက္ကားပဲနင်းနင်း စပါးပဲ စိုက်စိုက်၊ ဘာအလုပ်ပဲဖြစ်ဖြစ် အဲဒီလို ကိုယ်ပိုင်အလုပ်တွေ လုပ်ကြပါတဲ့။
Yangon Crown သံမဏိစက်ရုံကအလုပ်သမားတွေထဲမှာ အနည်းဆုံး (၇)နှစ်ကနေ (၁၀)နှစ်အထိ အလုပ် သက်တမ်းရှိသူတွေ ပါဝင်ပြီး သူတို့ကို အလုပ်ထုတ်ချင်သလို ထုတ်တာမျိုးတွေ လုပ်လို့ မရဘူးလို့ ဆိုပါတယ်။ Yangon Crown သံမဏိ စက်ရုံက အလုပ်သမားတွေထဲက လေဘာ (labor) ဆိုတဲ့ အလုပ်သမားတွေဟာ ထိုက်သင့်တဲံလုပ်အားခမရပဲ တနေလုပ်အားခ ကျပ်(၁၆၀)သာ ရတဲ့အတွက် စားဝတ်နေရေး ကလေးတွေရဲ့ ပညာရေးတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
စက်ရုံပိုင်ရှင်တွေက တရုတ်နိုင်ငံသားတွေဖြစ်ပြီး အုပ်ချုပ်နေတာကတော့ မြန်မာရဲမှူးဟောင်းတစ်ဦးက အုပ် ချုပ်ရင်း သူတို့ကို ခိုင်းစေနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ၂၃ရက်နေ့ကတော့ အလုပ်သမားတွေ က မြို့ထဲထိချီတက်ဆန္ဒပြဖို့အထိ လုပ်ဆောင်ထားပေမဲ့ မှော်ဘီမြိုနယ်အုပ်ချုပ်ရေး မှူးကခွင့်မပြုပဲ အလုပ်သ မား ညွန်ကြားမူဦးစီးဌာနက တာဝန်ရှိသူတွေက လာပြီး တားဆိးခဲ့တယ်လို့ ဆိုပါတယ်
ဒါ့အပြင်လုံခြုံရေးတွေ ချပြီး ခြိမ်းခြောက်မူတွေ လုပ်ခဲ့တယ်လို့ အလုပ်သမာေးတွက ပြောပါတယ် ။ လက်ရှိ မှာတေ့ သူတိုရဲ့ စားသောက်ရေးအတွက် ရွှေညဝါဆရာတော်ကြီးက လှူဒါန်းမူတွေလုပ်ခဲ့ပြီး အကူအ ညီတွေ ပေးနေသလို အလုပ်သမားတွေကို စိတ်ဓါတ်ကျတာမဖြစ်စေဖို့ ရည်မှန်းချက်အတိုင်း အောင်မြင်အောင် လုပ်ဖို့အတွက် ဆရာတော်ကြီးက မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်ရှင် ။