သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတရွေးကောက်ပွဲ မူဆလင်ညီအစ်ကိုတော်များ ရှေ့ကပြေး

အီဂျစ်နိုင်ငံမှာ ပထမဆုံး လွှတ်လပ်စွာ မဲပေးခွင့်ရခဲ့တယ်လို့ ယူဆရတဲ့ သမ္မတ ရွေးကောက်ပွဲရဲ့ ကြိုတင်ထွက် လာတဲ့ ရလဒ်တွေအရ မူဆလင် ညီအစ်ကိုတော်များအဖွဲ့က ကိုယ်စားလှယ်က တခြား ကိုယ်စားလှယ်တွေ ထက် အနည်းငယ် အသာစီးရနေပါတယ်။

ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲတွေအတွင်း မူဆလင်ညီအစ်ကိုတော် များအဖွဲ့ က ကိုယ်စားလှယ်လောင်း မိုဟာမက် မိုဆီ (Mohamed Morsi) က တချို့ဒေသတွေမှာ အသာစီး ရနေတာကို တွေ့ရ တယ်လို့ ဒီကနေ့ထုတ် အီဂျစ်သတင်းစာတွေမှာ ဖော်ပြနေတာပါ။

တခြား ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ အာမက် ရှာဖစ် Ahmed Shafiq ထက် မူဆလင်ညီအကိုတော်များ အဖွဲ့က ကိုယ်စားလှယ်လောင်းက အသာစီးရနေတာကြောင့် ဇွန်လအတွင်း Shafiq နဲ့ ထိပ်တိုက် တကျော့ပြန် ရွေးကောက်ပွဲ ပြန်ကျင်းပရမှာဖြစ်ပါတယ်။ ဘာသရေး အယူအစွဲမရှိတဲ့ ရှာဖစ်ဟာ သမ္မတဟောင်း ဟော့စနီ မူဘာရက် (Hosni Mubarak )အစိုးရ လက်ထက်တုန်းက ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

တခြား ကိုယ်စားလှယ်လောင်းတွေလည်း အတော်လေး အားကောင်းနေတယ်ဆိုပြီး အစောပိုင်းထွက်လာတဲ့ သတင်း တွေကို ကိုးကားပြီး သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အဲဒီ ကိုယ်စားလှယ်လောင်းတွေကတော့ အလယ်အလတ် ဝါဒီ၊ လက်ဝဲဝါဒီနဲ့ လူနဲစု ခရစ္စယာန်အဖွဲ့တွေရဲ့ ထောက်ခံမှု ရရှိထားတဲ့ အယူအစွဲမပြင်းတဲ့ အစ္စလာမ်မစ်ဝါဒီ အက်ဗ် ဒယ်လ် မိုနိမ် အဘူဖိုတူ (Abdel Moneim Aboul Fotouh) နဲ့ ဘာသာရေး အယူ အစွဲမပြင်းတဲ့ နိုင်ငံခြားရေးဝန်ကြီး ဟောင်း အာမာ မိုဆာ (Amr Moussa) တို့ ဖြစ်ကြပါတယ်။

လွန်ခဲ့တဲ့ ခြောက်လတုန်းက ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအတွင်း မူဆလင် ညီအစ်ကိုတော်များအဖွဲ့ က မဲအရေအတွက် ၇၀ % ကျော် အနိုင်ရထားတာမို့ ဘာသာရေး အယူအစွဲမရှိတဲ့ ကိုယ်စားလှယ်လောင်းသာ အနိုင်ရ လိုက်ရင် အီဂျစ်နိုင်ငံရေးမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားတာလည်း ဖြစ်ပါမယ်။

This item is part of
XS
SM
MD
LG