သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပစ္စည်း အမေရိကန်အခွန်ကောက်ခံပုံ မကျေနပ်မှု WTO တိုင်ကြား


အမေရိကန်ဘက်က လွတ်လပ်စွာ ကုန်သွယ်ခွင့်ကိုဆန့်ကျင်ပြီး တရုတ်တင်သွင်းကုန်တွေအပေါ် အခွန်ကောက်တာကို တရုတ်နိုင်ငံအနေနဲ့ဆန့်ကျင်လိုက်ပြီး WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို သောကြာနေ့က တိုင်တန်းလိုက်ပါတယ်။

အမေရိကန်ဘက်ကတော့ စတီးနဲ့ဆိုလာပြားတွေအပါအဝင် နှစ်စဉ်တင်သွင်းမှုတန်ဖိုး ဒေါ်လာသန်းပေါင်း ၇,၃၀၀ ရှိတဲ့ တရုတ်ရဲ့ ကုန်ပစ္စည်း ၂၂ မျိုးဟာ တရုတ် အစိုးရဘက်က ငွေစိုက်ထုတ်ပေးပြီး ဈေးနည်းအောင် မမျှမတ တင်သွင်းလာတာဖြစ်တယ်လို့ သဘောထားပါတယ်။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနဘက်ကတော့ သူတို့အနေနဲ့ ကုန်သွယ်မှုအပေါ်ကာကွယ်ကန့်သတ်မှုတွေနဲ့ မတရားလုပ်မှုတွေကို ခိုင်ခိုင်မာမာ ဆန့်ကျင်တယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ သူ့နိုင်ငံက ကုမ္ပဏီတွေကို ကာကွယ်ပေးဖို့ ဈေနှုန်းနည်နည်းပဲရှိတဲ့ တင်သွင်းကုန်တွေ အပေါ် ပစ်ဒဏ်ခတ်တဲ့သဘောနဲ့ အခွန်ဆောင်ခိုင်းတဲ့ ဥပဒေကိုကျင့်သုံးပြီး အခုလိုလုပ်နေတာဖြစ်တယ်လို့ တရုတ်ဘက်က စွပ်စွဲလိုက်ပါတယ်။

ခုလိုတရုတ်ဘက်က စွပ်စွဲပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တိုင်တန်းလိုက်တာဟာ ဒီပြဿနာကိုဖြေရှင်းဖို့ တရုတ်ဘက်က အမေရိကန်ကို တောင်းဆိုခဲ့ အပြီးမှာဖြစ်ပါတယ်။

ဒီပြဿနာကို တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံကြား ကိုယ့်ဟာကို မဖြေရှင်းနိုင်ခဲ့ရင်တော့ နိုင်ငံတကာ တရားရင်ဆိုင်ရေးဘက်ကနေ နောက်ဆုံးမှာ ဝင်ရောက်ဖြေရှင်းပေးရတော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG