သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ရွေးကောက်ပွဲ ဒု-အကြော့ မွတ်စလင်အဖွဲ့နဲ့ ဝန်ကြီးချုပ်ဟောင်း ထိပ်တိုက်တွေ့မည်

အီဂျစ်နိုင်ငံမှာတော့ သမ္မတရွေးကောက်ပွဲတွေ လုပ်ခဲ့ရာမှာ သောကြာနေ့အထိ အနေအထားအရတော့ မွတ်ဆလင် ညီအကိုတော်များအဖွဲ့က ကိုယ်စားလှယ်လောင်းနဲ့ အရင်သမ္မတဟောင်း Hosni Mubarak အစိုးရနဲ့ အထူးနီးစပ်တဲ့ ကိုယ်စားလှယ်လောင်းတို့ အကြားမှာ ပြင်းပြင်းထန်ထန် ကွဲပြားမှု၊ ပြိုင်ဆိုင်မှုတွေ ဖြစ်နေပါတယ်။

သမ္မတ Mubarak မနှစ်ကပြုတ်ကျအပြီး ပထမဆုံး လွတ်လပ်စွာမဲပေးခွင့်ရတဲ့ သမ္မတရွေးကောက်ပွဲရဲ့ ပထမပိုင်းထွက်လာတဲ့ ရလာဒ်တွေအရ မွတ်ဆလင်ညီအကိုတော်များအဖွဲ့က Ahmed Shafiq အနေနဲ့ အရင်ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့ပြီး ဘာသာရေး အယူသည်းမှု မရှိတဲ့ Ahmed Shafiq ကိုကပ်ပြီး အသာစီး ရနေပါတယ်။ နောက်ဆုံးရလာဒ်ကိုတော့ အင်္ဂါနေ့မတိုင်ခင်အထိ ကြေညာပေးဖို့ မရှိပါဘူး။

ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ပြုလုပ်ခဲ့တဲ့ ဒီပထမအကြော့ သမ္မတရွေးကောက်ပွဲတွေအပြီးမှာ ထိပ်ဆုံး အနိုင်ရသူ ၂ ဦးဟာ ဒုတိယအကျော့အနေနဲ့ ဇွန်လ ၁၆ နဲ့ ၁၇ ရက်တွေမှာ ထပ်မံပြိုင်ဆိုင်ကြရမှာဖြစ်ပြီး မဲပေးသူတွေအနေနဲ့လည်း ဒီကွဲပြားမှု ကြီးမားတဲ့ သမ္မတလောင်း ၂ ဦး အကြားမှာ ပြတ်ပြတ် သားသား ရွေးချယ်ပေးရတော့မှာ ဖြစ်ပါတယ်။ အနိုင်ရပြီး သမ္မတဖြစ်လာမယ့်သူကိုတော့ ဇွန်လ ၂၁ ရက် မှာ ကြေညာပေးမှာဖြစ်ပါတယ်။

သမ္မတလောင်း မော်စီအနေနဲ့ ဒီမွတ်ဆလင်ဘာသာရေး အဖွဲ့ရဲ့ ထောက်ခံမှုအမျာဆုံးရတဲ့ သမ္မတလောင်းတော့ မဟုတ်ပေမဲ့ အရင်ရေပန်းအစားဆုံးအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ သမ္မတလောင်းဟာ သမ္မတအရွေးခံဖို့ အရည်အချင်း မပြည့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် သူအခုလို ရှေ့တန်းကနေ ဝင်ပြိုင်ခွင့်ရလာတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စဉ်မှာ မော်စီက သူ သမ္မတ ဖြစ်လာခဲ့ ရင် အစ္စလာမ်ဘာသာကို အခြေခံထားပြီး အုပ်ချုပ်မှာဖြစ်ပေမဲ့ ဘာသာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေယူပြီး အစိုးရကို လည်ပတ်မှာတော့ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

မော်စီရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ လေတပ်ဦးစီးချုပ်ဟောင်း လည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Shafiq ကတော့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကြီးလာချိန်မှာ မူဘာရက်က ဆန္ဒပြသူတွေကို ချွေးသိပ်ဖို့ ခန့်ထားခဲ့သူဖြစ်ပေမဲ့ မူဘာရက်နဲ့နီးစပ်ခဲ့မှုကြောင့် ဒီမိုကရေစီလှုပ်ရှားသူတွေ အနေနဲ့ သူ့အပေါ်မှာ သံသယရှိနေပြီး မဲပေးသူတွေ အကြားမှာ အကြီးအကျယ် အကွဲအပြဲတွေ ဖြစ်နေပါတယ်။

This item is part of
XS
SM
MD
LG