သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမရေိကန်ရေးတဲ့ လူ့အခွင့်အရေးအစီရင်ခံစာ တရုတ်ပယ်ချ


တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ လွန်ခဲ့တဲ့နှစ်အတွင်း ဆိုးရွားလာတယ်လို့ အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဌာနရဲ့ နှစ်စဉ် အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့အချက်ကို တရုတ်အစိုးရက ပယ်ချလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ အတော့်ကို ဆိုးရွားခဲ့ပြီး အာဏာပိုင်တွေက အတိုက်အခံတွေကို ဖိနှိပ် ချုပ်ချယ်တာနဲ့ လွှတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာက ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။

အဲဒီ အစီရင်ခံစာဟာ မှန်ကန်မှုမရှိပဲ ဘက်လိုက်ပြီး ရေးထားတဲ့ အစီရင်ခံစာဖြစ်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Hong Lei က သတင်းထောက်တွေကို ဒီကနေ့ ပြောလိုက်တာပါ။

ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ သူ့တွင်းရေးကို ဝင်ရောက်စွက်ဖက်ဆိုပြီး တရုတ်အစိုးရက နှစ်စဉ် ပယ်ချနေတာ လည်း ဖြစ်ပါတယ်။

တရုတ်အာဏာပိုင်တွေဟာ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေနဲ့ အတိုက်အခံတွေကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းတာ၊ အဓမ္မ လူမြင်ကွင်းက ပျောက်ကွယ်သွားအောင် လုပ်ဆောင်တာ စတဲ့ ဥပဒေမဲ့ တရားလက်လွတ် လုပ်ဆောင်မှုတွေ ပြုလုပ်နေတယ်လို့ အမေရိကန်နိုင်ငံက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG