သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ်တပ် အင်အားသုံး တိုက်ခိုက်မှု အရပ်သား ၉၀ ကျော်သေဆုံး


ဆီးရီးယားနိုင်ငံမှာ အစိုးရဘက်က အစီအစဉ်ရှိရှိ ချိတ်ဆက် တိုက်ခိုက်ခဲ့တာကြောင့် လွန်ခဲ့တဲ့၂၄ နာရီ အတွင်း ကလေးငယ်များစွာအပါအဝင် လူပေါင်း ၉၀ ကျော် သေခဲ့ရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက စနေနေ့မှာ ဆိုလိုက်ပါတယ်။

ဒီ တိုက်ခိုက်မှုမှာ အစိုးရတပ်တွေက ပြည်သူ့စစ်တွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံအလယ်ပိုင်း Homs မြို့မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရဘက်ကလည်း ဒီအစုလိုက်အပြုံလိုက် တိုက်ခိုက်မှုဖြစ်ခဲ့တာကို ငြင်းဆိုမှုမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုကို အမည် မဖော်ပြထားတဲ့ အကြမ်းဘက်အဖွဲ့တခုက လုပ်တာဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့တနှစ်ကျော်ကစပြီး သမ္မတ ဘတ်ရှာအယ်လ်အာဆတ်အစိုးရကို ဆန့်ကျင် ဆန္ဒပြပွဲတွေထဲမှာ အသေအပျောက်အများဆုံး အကြမ်းဘက်မှုတွေထဲက တခုဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး Robert Mood ဦးဆောင်တဲ့ ကုလသမဂ္ဂလေ့လာ စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ ဒီတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ရွာကို စစ်ဆေးမှုတွေလုပ်ဖို့ စနေနေ့မှာ ရောက်ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး Mood ကပဲ ဒီအကြမ်းဘက်မှုဟာ ရက်ရက်စက်စက်ကြေကွဲစရာဖြစ်တယ်လို့ ပြောလိုက် ပြီး သေဆုံးသွားသူတွေထဲမှာ အသက် ဆယ်နှစ်အောက်ကလေး ၃၂ ဦးကျော်နဲ့ အရွယ်ရောက်သူပေါင်း ၆၀ ကျော်ပါတယ်လို့ ဆိုလိုက်ပါတယ်။ ဗွီဒီယိုပုံရိပ် တခုထဲမှာတော့ သောကြာနေ့က သေဆုံးသွားသူတွေ ကို သူတို့ရဲ့မိသားစုဝင်တွေက မြေမြှုပ်သင်္ဂြိုဟ်နေတာကို ပြသခဲ့ပါတယ်။ တကယ်တော့ ဒီ သတ်ဖြတ်မှုတွေ စဖြစ်လာခဲ့တာက ပြီးခဲ့တဲ့အပတ် သောကြာနေ့ကတည်းက ဖြစ်ပါတယ်။

XS
SM
MD
LG