သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ကွန်မန်ဒိုတပ်တွေ စေလွှတ်တဲ့သတင်း အမေရိကန်ငြင်း

မြောက်ကိုးရီးယားမြေအောက်စစ်စခန်းတွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းတွေ စုဆောင်းဖို့ အမေရိကန်ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေ မြောက်ကိုးရီးယား ထဲကို လေထီးနဲ့ဆင်းသက်ခဲ့တယ်ဆိုတဲ့ ဲ့ သတင်းဟာ မမှန်ကန်ဘူးလို့ အမေရိကန်စစ်ဘက်အရာရှိတွေက ငြင်းဆိုပါတယ်။

တိုကျိုအခြေစိုက် The Diplomat နိုင်ငံရေးမဂ္ဂဇင်းထဲမှာ မေလ(၂၉) ရက်နေ့စွဲနဲ့ သတင်းမှာ အမေရိကန်စစ်ဗျူဟာဆိုင်ရာ ထိပ်တန်းတပ်မှူးကစ်ဦးက အဲဒီ ကွန်မန်ဒို တပ်သားတွေအစီအစဉ်အကြောင်းကို အမေရိကန် အရှေ့တောင်ပိုင်း၊ ဖလော်ရီဒါပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ညီလာခံမှာ ထိပ်တန်းတပ်မှူးကစ်ဦးက ထုတ်ဖေါ်ပြောဆို ခဲ့တယ်လို့ The Diplomat မဂ္ဂဇင်းမှာ ရေးသားထားတာဖြစ်ပါတယ်။

အမေရိကန်ကြည်းတပ်က ဗိုလ်မှူးချုပ် နီးလ် တိုလီ (Brigadier General Neil Tolley) ရဲ့ ပြောကြားချက်ကို လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူပြီး The Diplomat မဂ္ဂဇင်းက အဲဒီသတင်းကို ဖော်ပြထားခြင်းသာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ရေးမှူး ဂျော့ချ် လစ်တဲလ် (George Little) က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG