သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားသံတမန်တွေကို အနောက်နိုင်ငံတွေ ပြည်နှင်ဒဏ်ပေး


ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ပြင်သစ်၊ သြစတြေးလျားနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ သူတို့နိုင်ငံတွေမှာ ရှိတဲ့ ဆီးရီးယားသံတမန်တွေကို နှင်ထုတ်လိုက်ပါပြီ။ ဗြိတိန်၊ ဂျာမဏီ၊ အီတလီ၊ စပိန်၊ နယ်သာလန်နဲ့ ကနေဒါတို့ကလည်း သူတို့နိုင်ငံမှာရှိတဲ့ ဆီးရီးယား သံတမန်တွေကို နှင်ထုတ်မယ်လို့ ကြေညာထားပါတယ်။

ဒီအချိန်မှာ ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆတ်ဒ်အနေနဲ့ တိုးတက်မှုခြေလှမ်းတွေကို ချင်ခြင်း စတင်ဖို့နဲ့ နောက်နေ့ကို မရွှေ့ဆိုင်းဖို့ ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပေးတဲ့ အချက် ၆ ချက်ပါ ဆီးရီးယား ငြိမ်းချမ်းရေး လမ်းပြမြေပုံအတိုင်း ဆောင်ရွက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောကြားလိုက်ပါတယ်။

မေလ ၂၅ ရက်နေ့က ဝှာလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေနဲ့ စုစုပေါင်း လူတစ်ရာကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို သမ္မတအာဆတ်ဒ်ကလည်း ပြစ်တင် ရှုတ်ချတယ်လို့ မစ္စတာ ကိုဖီအာနန်က သတင်းထောက်တွေကို ပြောပါတယ်။

XS
SM
MD
LG