အမေရိကန်က အာရှဒေသဘက်မှာ စစ်ရေးနဲ့ စီးပွားရေးအရ ပိုပြီးအာရုံစိုက်လာကြတဲ့အကြောင်း အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒတွေ ချမှတ်ရာမှာ သြဇာလွှမ်းမိုးမှုရှိတဲ့ ဝါရှင်တန်၊ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနမှာ ကျင်းပခဲ့တဲ့ အာရှတိုက်က အမေရိကန်၏ အကျိုးစီးပွားများကို အဓိပ္ပာယ်ဖွင့်ခြင်း - ဟောပြောပွဲမှာ ပြောကြားသွားခဲ့တဲ့ ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေးအသွယ်သွယ်ကို - ဦးရော်နီညိမ်းနဲ့ ဒေါ်မိုးဖြူတို့က ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။