သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူလက်နက်အစီအစဉ် အမေရိကန်ဆိုက်ဘာနည်းနဲ့တိုက်


အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားဟာ အီရန်နိုင်ငံရဲ့ အဓိကနျူကလီးယားဓာတ်ပေါင်းဖိုတွေကို အဆင့်မြင့် ဆိုက်ဘာ နည်းပညာတွေ သုံးပြီး အကွက်ကျကျ တိုက်ခိုက်နေတယ်လို့ နာမည်ကြီး အမေရိကန် သတင်းစာတစ်စောင်ဖြစ်တဲ့ The New York Times သတင်းစာမှာ ဖော်ပြပါရှိပါတယ်။

ဒီလိုဆိုက်ဘာတိုက်ခိုက်မူတွေဟာ သမ္မတဟောင်း ဂျော့ချ်ဒဗလျူ ဘုရှ် လက်ထက်ကတည်းက အစီအစဉ်ချလုပ်ကိုင်ခဲ့တာဖြစ်ပြီး အမေရိကန် သမ္မတသစ်ဖြစ်လာတဲ့ မစ္စတာအိုဘားမားကိုလည်း ဆက်ပြီးလုပ်ဖို့ တိုက်တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ မစ္စတာ အိုဘားမား တာဝန်ယူခဲ့ပြီးနောက်ပိုင်းမှာ လည်း ဒီဆိုက်ဘာလက်နတ်နဲ့ တိုက်ခိုက်မှုအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းစာထဲမှာ ရေးသားထားပါတယ်။

ဒီအဆင့်မြင့် ဆိုက်ဘာတိုက်ခိုက်မှုမှာ အဓိကပါဝင်တာကတော့ Stuxnet လို့ခေါ်တဲ့ ကွန်ပြူတာ ဗိုင်းရပ်စ်ဖြစ်ပြီး အီရန်နိုင်ငံ Natanz မှာရှိတဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေကို လည်ပတ်စေတဲ့ ကွန်ပျူတာစနစ်ထဲကို စိမ့်ဝင်သွားအောင် ထည့်သွင်းထားတာဖြစ်ပါတယ်။

အီရန်နျူကလီးယားကွန်ယက်ဟာ အင်တာနက်နဲ့ ချိတ်ဆက် ထားတာတော့ မဟုတ်ပါဘူး။ နယူးယောက်စ်တိုင်းမ်စ် သတင်းစာထဲမှာတော့ ဒီဗိုင်းရပ်စ်ဝင်ခဲ့တဲ့လမ်းကြောင်းက တကယ့်ကို လျို့ဝှက်ချက်ဖြစ်နေဆဲပါပဲလို့ ရေးသားထားပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီက အစ္စရေးနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပရိုဂရမ်က ဖြစ်တယ်လို့ပြောပါတယ်။

ဒီဗိုင်းရပ်စ်ကနေ အီရန်တွေ နျူကလီးယားဓာတ်ပေါင်းဖိုတွေကို ဘယ်လိုမျိုး လည်ပတ်အောင် ဆောင်ရွက် ထားသလဲဆိုတဲ့ သတင်း အချက်အလက်တွေကို စုဆောင်းတာဖြစ်ပြီး Centrifuges လို့ ခေါ်တဲ့ ဗဟို ခွာစက်ကို ပျက်စီးအောင် တိုက်ခိုက်တာဖြစ်ပါ တယ်။ ကွန်ပျူတာစက်တွေကို အစကနေ မကြာခဏပြန်စ လိုက် ပြန်ရပ်သွားလိုက်နဲ့ အလုပ်မလုပ်နိုင်အောင် တိုက်ခိုက်တာဖြစ်ပြီး နျူကလီးယား လက်နက် ထုတ်လုပ်တဲ့နေရာမှာ၊ ယူရေနီယံသတ္ထုသန့်စင်တဲ့ နေရာမှာ သုံးတဲ့စက်ကိရိယာတွေကို ပျက်စီးအောင် လုပ်တဲ့နည်းလမ်းသုံးပြီး တိုက်ခိုက်တာဖြစ်တယ်လို့ သတင်းမှာ ပါရှိပါတယ်။

XS
SM
MD
LG