မြောက်အမေရိကတိုက်နဲ့ အမေရိကတိုက်အလယ်ပိုင်းမှာနေသူတွေ၊ အနောက် အာဖရိက၊ ဥရောပနေရာ အတော်များများအပြင် အာရှ ပစိဖိတ်ဒေသတလွှားမှာ နေသူတွေဟာ သောကြာကြယ်ကြီး ဖြတ်သွားတာကို ၆ နာရီကျော်ကြာအောင် တွေ့ခဲ့ကြတာပါ။
စောင့်ကြည့်သူတွေဟာ အထူးမျက်မှန်တွေနဲ့ ကြည့်ရှုခဲ့ကြတာဖြစ်ပြီး နေရှေ့ကနေ ဖြတ်သွားတဲ့သောကြာကြယ်ကို အမဲစက်သေးသေး လေးအဖြစ် တွေ့ကြရပါတယ်။
တချို့ကတော့ အပြင်ထွက်ပြီး ကိုယ်တိုင်မကြည့်ကြဘဲ အမေရိကန် အာကာသစူးစမ်းလေ့လာရေးအဖွဲ့ NASA နာဆာနဲ့ ဥရောပ အာကာသ စူးစမ်းရေး အဖွဲ့ ESA အပါအ၀င် သိပ္ပံဌာနတွေရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာတွေမှာ တင်ထားတာကို စောင့်ကြည့်ကြသူတွေလည်း ရှိပါတယ်။
သောကြာကြယ် အခုလို ဖြတ်သန်းတာဟာ နှစ်ပေါင်းတရာကျော်မှာမှ ၈ နှစ်ခြားပြီး တစုံအဖြစ် တွေ့ရလေ့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် တရာ ကျော်က အခုလိုဖြတ်သွားချိန်မှာ နေနဲ့ကမ္ဘာကြား အကွာအဝေးဟာ ကီလိုမီတာ သန်းပေါင်း ၁၅၀ ကျော်တယ်လို့ သိပ္ပံပညာရှင်တွေက တွက်ဆကြပါတယ်။ အခု ၂၀၀၄ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ၈ နှစ်ခြားပြီး တွေ့ရတာမျိုးကို ၁၈၇၄ ခုနှစ်က တကြိမ်ကြုံခဲ့ရသလို ၂၁၁၇ ခုနှစ်ရောက်မှ နောက်တကြိမ်ထပ်ပြီး တွေ့ရတော့မှာဖြစ်ပါတယ်။