သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရ နိုင်ငံခြားသံတမန်တွေကို ပြည်နှင်ဒဏ်ပေး

ဆီးရီးယားမှာ အပစ်အခတ်ရပ်စဲမှုကို ဆက်လက် အသက် သွင်းပြီး သွေးထွက်သံယိုမှုတွေ အဆုံးသတ်သွားစေဖို့ သံတမန်တွေရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်နေချိန်မှာပဲ ဆီးရီးယားအနောက်ပိုင်း လာတာခီယာ (Latakia) ခရိုင်မှာ အစိုးရစစ်တပ်နဲ့ အတိုက်အခံတွေကြား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။

Haf feh မြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေက ရဲဌာနတော်တော်များများကို အတိုက်အခံတွေက သိမ်းပိုက်ထားတဲ့ နေရာတွေမှာ အင်္ဂါနေ့က စစ်ပွဲတွေဖြစ်ခဲ့တယ်လို့ လန်ဒန်အခြေစိုက် ဆီးရီးယား အရေးစောင့်ကြည့်တဲ့လူ့အခွင့်အရေးအဖွဲ့ SOHRက ပြောပါတယ်။

အနည်းဆုံး အစိုးရစစ်တပ်က စစ်သား၁၅ယောက်နဲ့ အတိုက်အခံဘက်က သုံးယောက်သေဆုံးခဲ့တဲ့ အဖြစ်အပျက်ဟာ Latakia ခရိုင်ထဲမှာ ၁၅ လတာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေထဲမှာ အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ SOHR အဖွဲ့က Rami Ab dur rah man က သုံးသပ်ပြောဆိုပါတယ်။

အနောက်နိုင်ငံတွေက ဆီးရီးယားသံတမန်တွေကို နှင်ထုတ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ဇွန်လ (၅) ရက်နေ့က ဆီးရီးယားကလည်း ဒမတ်စကပ်မြို့တော်က နိုင်ငံပေါင်းများစွာရဲ့ သံတမန်တွေကို နှင်ထုတ်ခဲ့ပါတယ်။

This item is part of
XS
SM
MD
LG