သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ကိုင်းဒါး ဒု-ခေါင်းဆောင် အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိနေတဲ့ အယ်လ်ကိုင်းဒါး ဒုတိယခေါင်းဆောင် Abu Yahya Al Libi ကို အမေရိကန် အဝေးထိန်း ဒုံးလက်နတ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်နိုင်တာဟာ အကြမ်းဖက်အုပ်စုကို သိသိသာသာ ထိခိုက်မှု ဖြစ်စေခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောလိုက်ပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ Jay Carney က Al Libi ရဲ့သေဆုံးမှုကို အမေရိကန်စုံစမ်းစစ်ဆေးရေး သတင်း ရင်းမြစ်တွေအရ အတည်ပြုကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ Al Libi ဟာ အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ အထွေထွေမန်နေဂျာဖြစ်ပြီး သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးမယ်ဆိုတာ ကွဲကွဲပြားပြားမသိရသေးဘူးလို့ Jay Carney က ပြောပါတယ်။

Al Libi ဟာ အပစ်ခတ်ခံလိုက်ရတဲ့အချိန် အဲ့ဒီ့ဒေသမှာရှိနေခဲ့ပြီးတော့ အမေရိကန်အဝေးထိန်းဒုံးလက်နတ်နဲ့ အပစ်ခံလိုက်ရလို့ သေဆုံး သွားခဲ့ရတယ်ဆိုတာကို စစ်သွေးကြွတွေအချင်းချင်း တယ်လီဖုန်းနဲ့ ဆက်သွယ် ချက်တွေကို ကြားဖြတ်နားထောင်တာကနေ အတည်ပြုနိုင်ခဲ့တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့တုန်းကတည်းက ပါကစ္စတန်အနောက်ပိုင်းက မြောက် Waziristan ဒေသကို အဝေးထိန်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခံလိုက်ရတဲ့အတွက် Al Libi ဒဏ်ရာအကြီးအကျယ်ရခဲ့ပါသေးတယ်။

လစ်ဗျားနိုင်ငံသားဖြစ်တဲ့ အယ်လ်ကိုင်းဒါးခေါင်းဆောင်သေဆုံးတာကို ပါကစ္စတန်က တာလီဘန်တစ်ဦးက အတည်ပြုပြောဆိုခဲ့ပြီး Al Libi အခုလို သေဆုံးခဲ့တာဟာ အကြမ်းဖက်ကွန်ယက်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြဖစ်တယ်ဆိုတဲ့ သူ့ရဲ့ပြောစကားကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။

This item is part of
XS
SM
MD
LG