သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေစွမ်းအင်သုံး လေယာဉ် ခရီးရှည်ပျံသန်း


ကမ္ဘာပေါ်က တိုက်ကြီးတတိုက်ကနေ တတိုက်ကို လောင်စာဆီ မသုံးဘဲ ပထမဆုံးအကြိမ် ပျံသန်း တဲ့ လေယာဉ်အဖြစ် စံချိန်တင်နိုင်ဖို့ ဆွစ်ဇာလန်နိုင်ငံသား စွန့်စားသူ တဦးက တီထွင်ဆန်းသစ် ထားတဲ့ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ငယ် တစင်းနဲ့ ဥရောပကနေ အာဖရိက မြောက်ပိုင်း ဒေသကို ပျံသန်းနေပါတယ်။

Bertrand Piccard ဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့တော်ကနေ မိုင်ပေါင်း ၁၅၅၀ ကျော် ကွာဝေးတဲ့ မော်ရိုကိုနိုင်ငံ မြို့တော် Rabat ကိုဦးတည်ပြီး နေရောင်ခြည်သုံး လေယာဉ်နဲ့ အင်္ဂါနေ့က ထွက်ခွာခဲ့တာပါ။ စတင်ထွက်ခွာပြီး နာရီ အတော်ကြာချိန်မှာတော့ အမြင့်ပေ ၁၁,၀၀၀ ကျော် က ပျံသန်းပြီး စပိန်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း အနီးကို ရောက်လာခဲ့ပါတယ်။

Gibraltar ရေလက်ကြားကို ဖြတ်သန်းပြီး နောက်မှာတော့ လေယာဉ်ဟာ မော်ရိုကို လေကြောင်းပိုင်နက်တွင်း ချင်းနင်း ဝင်ရောက်လာခဲ့ပြီး ဒေသစံတော်ချိန် ၉ နာရီကျော်မှာ မြို့တော် Rabat လေဆိပ်ကို ရောက်လာဖို့ ရှိပါတယ်။ နေရောင်ခြည်သုံး တယောက်စီး လေယာဉ်မှာတော့ လျှပ်စစ်အင်ဂျင်အတွက် နေရောင်ခြည် စုပ်ယူတဲ့ ဓာတ်ခဲပေါင်း ၁၂,၀၀၀ ကို အသုံးပြုထားတာပါ။ ပေ ၂၀၀ ကျော် အရှည်ရှိတဲ့ လေယာဉ် ဖြစ်ပေမဲ့ လည်း အလေးချိန်ကတော့ သာမာန်မိသားစုသုံး ကားတစင်းလောက်သာ ရှိပါတယ်။

ကမ္ဘာပေါ်မှာ နေရောင်ခြည် ထုတ်လုပ်မှု အကြီးဆုံး စက်ရုံ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ နိုင်ငံတခုအဖြစ် အများက အာရုံစိုက်လာအောင် မော်ရိုကို နိုင်ငံကို ခရီးဆုံးတိုင်းပြည်အဖြစ် ရွေးချယ် ထားတာလည်း ဖြစ်ပါ တယ်။

XS
SM
MD
LG