သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားများ ပါကစ္စတန်ကိုင်တွယ်မှု အမေရိကန်စိတ်ပျက်

အာဖဂန်မှာရောက်ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့စစ်သွေးကြွတွေကို ပါကစ္စတန်နိုင်ငံ အနေနဲ့ အရေးယူဖို့ တိုက်တွန်း လိုက်ပြီး အမေရိကန်ရဲ့ သည်းခံနိုင်မှု အတိုင်းအတာ နောက်ဆုံး အဆင့် ကိုရောက်နေပြီလို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး Leon Panetta ကပြောဆိုလိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ကိုရောက်ရှိနေတဲ့ ဝန်ကြီး Panetta က ညွန့်ပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အယ်လ်ခိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ Haqqani ကွန်ယက်လို အကြမ်းဖက်အဖွဲ့တွေဟာ ပါကစ္စတန်နိုင်ငံမှာ ကွန်းခိုနေကြတာ ကြောင့် စိုးရိမ်မကင်းဖြစ်ရတာတွေ တိုးလာတယ်လို့ ပြောဆိုလိုက်တာပါ။ အဲဒီ Haqqani အကြမ်းဖက်အဖွဲ့ဟာ ပါကစ္စတန် နိုင်ငံ ဝါဇီရီစတန်မြောက်ပိုင်း တောင်တန်းဒေသမှာ အခြေစိုက်ကြတယ်လို့ ယူဆရပါတယ်။

ဝန်ကြီး Panetta ဟာ အာဖဂန်ကာကွယ်ရေးဝန်ကြီး Abdul Rahim Wardak နဲ့တွေ့ဆုံးအပြီး အခုလို မှတ်ချက်ချလိုက်တာပါ။ ကြိုတင်ကြေညာထားခြင်းမရှိဘဲ အာဖဂန်ကိုရောက်ရှိနေတဲ့ ဝန်ကြီး Panetta ဟာ အမေရိကန်နဲ့ နေတိုး တပ်ဖွဲ့ တွေရဲ့တပ်မှူးကြီး အမေရိကန်ဗိုလ်ချုပ်ကြီး General John Allen နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မကြာခင်က တိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့ ခြုံကြည့်ရင်တော့ အာဖဂန်မှာ အကြမ်းဖက်မှု လျော့ကျလာတာ တွေ့ရတယ်လို့ ဝန်ကြီး Panetta ကပြောပါတယ်။

Logar ပြည်နယ်မှာ နေတိုးတပ်ဖွဲ့ရဲ့ ဗုဒ္ဓဟူးနေ့က လေကြောင်း စစ်ဆင်ရေးအတွင်း အမျိုသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သား ၁၈ ယောက် သေဆုံးခဲ့ရတဲ့အတွက် သမ္မတ ဟာမစ်ခါဇိုင်းက ပြစ်တင် ရှုတ်ချပြီးနောက် မှာ ဝန်ကြီး Panetta အာဖဂန်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG