သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် နျူကလီယားစက်ရုံ ပြန်လည်မည်


ဂျပန်နိုင်ငံအနေနဲ့ နျူကလီယားစွမ်းအင်ကို အသုံးမပြုဘဲ မဖြစ်နိုင်တာကြောင့် ပိတ်ထားတဲ့ နျူကလီယား စက်ရုံကို ပြန်ဖွင့်ဖို့ ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ဂျပန်နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ Ohi နျူကလီယားစက်ရုံ ပြန်လည်ဖို့အတွက ်ဝန်ကြီးချုပ် Yoshihiko Noda က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောလိုက်တာပါ။ လူထုရဲ့ လူနေမှုဘဝတွေ အဆင်ပြေအောင် နျူကလီယား စက်ရုံနှစ်ရုံကို ပြန်ပြီး လည်ပတ်သင့်တယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပေမဲ့ အဲဒီ စက်ရုံတွေ ပြန်လည်ပတ်ဖို့ သူ့အနေနဲ့ အမိန့်ပေးညွှန်ကြားတာတော့ မလုပ်ခဲ့ပါဘူး။

နွေရာသီ လျှပ်စစ်မီးအသုံးများတဲ့ အချိန်မတိုင်ခင် လောင်စာစွမ်းအင် အလုံအလောက်ရနိုင်ဖို့ ဝန်ကြီးချုပ် နိုဒရဲ့ အစိုးရက ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဂျပန်နိုင်ငံက နျူကလီယား စက်ရုံတွေ အားလုံးကို ပိတ်ထားတာပါ။

နျူကလီယားစက်ရုံရဲ့ လုံခြုံစိတ်ချရမှုနဲ့ပတ်သက်လို့ ကျွမ်းကျင်ပညာရှင်တွေကသာ ဆုံးဖြတ်သင့်ပြီး နိုင်ငံရေး သမားတွေ ဆုံးဖြတ်ရမှာ မဟုတ်ဘူးလို့ Green Peace သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Junichi Sato က ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာ ပြုပြင်မှုတွေ အလုံအလောက်လုပ်ဆောင်နိုင်ခြင်း မရှိသေးတဲ့အတွက် Ohi နျူကလီယားစက်ရုံ ပြန်ဖွင့်ဖို့ မသင့်သေးဘူးလို့ သူက ပြောပါတယ်။

XS
SM
MD
LG