ဂျပန်နိုင်ငံမှာ ပြင်းထန်တဲ့ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ်ဖြစ်ပြီး ၃ လအကြာ ဖူကူရှီးမားဒိုင်အိချိ လျှပ်စစ် ဓာတ်အားပေးစက်ရုံက နျူကလီယား ရေဒီယိုဓာတ်သတ္တိကြွမှုတွေ ဆက်ဖြစ်နေတဲ့အတွက် တိုကျိုနဲ့ တခြားမြို့တွေမှာ ထောင်ပေါင်းများစွာရှိတဲ့ ပြည်သူတွေ နျူကလီယားဆန့်ကျင်ရေး ချီတက်ပွဲတွေ လုပ်ကြပါတယ်။
မြောက်ပိုင်းဒေသက ဆူနာမီကြောင့် ပျက်စီးခဲ့ကြတဲ့နေရာတချို့ကို စနေနေ့က ဂျပန်ဝန်ကြီးချုပ် နာအိုတိုးခန် သွားရောက်ကြည့်ရှုခဲ့ပါတယ်။ မတ်လ ၁၁ ရက်နေ့က ဂျပန်မှာဖြစ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီ သဘာဝ ဘေးဒဏ်ကြောင့် လူ ၂ သောင်း ၃ ထောင် သေဆုံးပြီးတော့ လူ ၉ သောင်းလောက် အိုးအိမ်မဲ့ခဲ့ရပါတယ်။ ဒီဘေးဒဏ်က အသက်ရှင်ကျန်ရစ်သူ အတော်များများဟာလည်း ရေရှည် စိတ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တဲ့အခြေအနေကို ရောက်သွားကြတယ်လို့ အစိုးရက ပြောပါတယ်။