အာရှတလွှားမှာ အင်တာနက်ကိုအသုံးပြုပီး လိမ်ညာငွေတောင်းနေတဲ့ ရာဇဝတ်ဂိုဏ်းကြီး တခုကို ဖြိုခွင်းရာမှာ မသင်္ကာလို့ ဖမ်းဆီးထားသူ ၆၀၀ နီးပါးကို သူတို့ရဲ့ နိုင်ငံတွေဆီကို ပြန်ပို့နေပါတယ်။
အဖမ်းခံရသူ ၄၀၀ လောက်ဟာ ထိုင်ဝမ်နိုင်ငံကဖြစ်ကြပြီး ၁၈၀ လောက်ကတော့ တရုတ်ပြည်မကြီးက ဖြစ်ကြပါတယ်။ နေရပ်ပြန်ပို့မှုတွေကို စနေနေ့မှာ စတင်လုပ်နေပြီလို့ ဖြိုခွင်း ဖမ်းဆီးမှုကို ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတွေရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖမ်းဆီးမှုတွေကို ထိုင်ဝမ်ရဲတပ်ဖွဲ့က သောကြာနေ့မှာ ကြေညာခဲ့တာဖြစ်ပီး ထိုင်ဝမ်၊ တရုတ်၊ မလေးရှား၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ မသာင်္ကာသူတွေကို ဖမ်းမိတာဖြစ်ပါတယ်။ သူတို့ဟာ အင်တာနက်ကိုသုံးပီးဆက်တဲ့ ဖုန်းလိုင်းတွေကတဆင့် အညာခံရသူတွေဆီကို ဆက်သွယ် ငွေတောင်းတာဖြစ်တယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။ ချက်ချင်း ဒဏ်ငွေဆောင်ရမယ်ဆိုတာမျိုး ညာပြောပီး သူတို့ရဲ့ ဘဏ်စာရင်းတွေထဲကို Online ကတဆင့် အညာခံရသူတွေကို ငွေလွှဲခိုင်းခဲ့ကြ တာ ဖြစ်ပါတယ်။
ဒီဂိုဏ်းသားတွေကို ဘယ်မှာ တရားစီရင်မလဲဆိုတာ မသဲကွဲသေးပေမဲ့ Cambodia နိုင်ငံကတော့ သူ့နိုင်ငံထဲမှာ ဖမ်းမိထားသူတွေကို နေရပ်ပြန်ပို့မယ်လို့ ပြောပါတယ်၊ ဒီဂိုဏ်းဖွဲ့ လိမ်ညာငွေတောင်းနေ သူတွေကို ဖော်ထုတ်နိုင်ဖို့ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပီး စုံစမ်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထိုင်ဝမ်အကြီးတန်း ရဲအရာရှိ Wang Cho chiun က ပြောပါတယ်၊