သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပြည်သူတချို့ သမ္မတ ပူတင်ကို ဆန့်ကျင်ဆန္ဒပြ

ရုရှားအတိုက်အခံ ခေါင်းဆောင်တွေကို စစ်ဆေးမေးမြန်းဖို့ အာဏာပိုင်တွေက အမိန့်ပေး ဆင့်ခေါ်ထားပေမဲ့ လည်း သမ္မတအဖြစ် Vladimir Putin တကျော့ပြန် အာဏာရလာတာကို ဆန့်ကျင်တဲ့ မော်စကို မြို့တော်က ဆန္ဒပြပွဲကိုတော့ လူပေါင်း ထောင်သောင်းချီ ပါဝင်လာကြပါတယ်။ မေလ ၇ ရက်နေ့ကစလို့ သမ္မတအဖြစ် Mr Putin တာဝန်ယူလာပြီး၊ အတိုက်အခံတွေအပေါ် တင်းတင်းကျပ်ကျပ် ထိမ်းချုပ် လာစဉ်က စပြီး တော့ ပထမဆုံး အကြိမ် အင်္ဂါနေ့ ဆန္ဒပြပွဲတွေကို အတိုက်အခံ အင်အားစုတွေက စီစဉ်ခဲ့ကြတာပါ။

မော်စကိုမြို့လယ်မှာ ချီတက် လမ်းလျှောက် ကြတဲ့ ဆန္ဒပြပွဲမှာ လူပေါင်း ၁ သိန်းလောက် ပါဝင်တယ်လို့ အတိုက် အခံခေါင်းဆောင် Sergei Udaltsov က ပြောဆိုခဲ့ပေမဲ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်း အချိန်မှာ ဆန္ဒပြသူ အရေအတွက်ဟာ ၁ သောင်း ၈ ထောင်ပဲ ရှိတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အမျိုးသားရေး ဝါဒီတွေ၊ ကွန်မြူနစ်တွေ နဲ့ လစ်ဘရယ်ဝါဒီတွေလို အလွှာ အသီးအသီးက လူတွေ ပါဝင်တဲ့ ဆန္ဒပြပွဲတွေဟာ ငြိမ်းငြိမ်း ချမ်းချမ်း ရှိတယ်လို့လည်း အဲဒီမှာ သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

အစိုးရက ခွင့်ပြုခဲ့တဲ့ ဆန္ဒပြပွဲကို ထိန်းသိမ်းဖို့ အတွက်လည်း ရဲတပ်ဖွဲ့ဝင် ထောင် ပေါင်းများစွာကို ချထားတာပါ။ ဆန္ဒပြပွဲကို ဦးဆောင်နေသူ တဦးဖြစ်တဲ့ Udaltsov ဟာဆိုရင် သမ္မတအဖြစ် Mr Putin ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ အတိုက်အခံတွေ နောက်ဆုံး အကြိမ်ဆန္ဒပြခဲ့စဉ်က ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စစ်ဆေး မေးမြန်းဖို့ ဆင့်ခေါ်ခံထားရသူ ၄ ဦး ထဲက တဦးဖြစ်ပါတယ်။ နောက်ထပ် အတိုက်အခံ ၃ ဦးဖြစ်တဲ့ Alexei Navalny, Ilya Yashin နဲ့ Ksenia Sobchak တို့ ၃ ဦးကတော့ စုံစမ်း မေးမြန်းဖို့ သွားရောက်ခဲ့ကြပေမဲ့ Udaltsov ကတော့ အမိန့်ကို မနာခံဘဲ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG