သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ယီမင် အယ်လ်ကိုင်ဒါ ခြေကုပ်စခန်း အစိုးရ ပြန်သိမ်း


ယီမင်နိုင်ငံတောင်ပိုင်းက အယ်လ်ကိုင်ဒါး အကြမ်းဖက်သမားတွေ တနှစ်ကျော်ကြာအောင် အခိုင်အမာ ခြေကုပ် ယူထားတဲ့ နေရာ ၂နေရာမှာ တလကြာ ထိုးစစ် ဆင်ခဲ့ပြီးတဲ့ နောက်မှာတော့ အစိုးရ တပ်တွေက ပြန်ပြီး သိမ်းပိုက်လိုက် နိုင်တယ်လို့ ယီမင်အာဏာပိုင်တွေက ပြောပါ တယ်။

အဘယန် (Abyan) ခရိုင်က မြို့တော် ဇင်ယီဘာ (Jinjibar) နဲ့ ယီမင်နိုင်ငံ တောင်ပိုင်းက ဂျား (Jaar) မြို့တွေမှာ ယီမင်စစ်တပ် နဲ့ စစ်တပ် ရဲ့ မဟာမိတ် ဖြစ်တဲ့ ဒေသခံ တိုင်းရင်းသားတွေက ထိမ်းချုပ် ထားနိုင်ပြီ လို့ ယီမင်အာဏာပိုင်တွေက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ အစိုးရတပ်တွေကပဲ အဘယန်နဲ့ တောင်ပိုင်း က အေဒင် (Aden) ဆိပ်ကမ်းမြို့ကို ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေး လမ်းမကြီး ကိုလည်း ပြန်ဖွင့်ပေး လိုက်တယ်လို့ ဆိုပါတယ်။

ဂျားမြို့ကို အင်္ဂါနေ့ အစောပိုင်းက အစိုးရတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ စစ်သွေးကြွ ၂၀ နဲ့ အစိုးရတပ်သား ၄ယောက် သေဆုံးခဲ့ရတယ်လို့ လည်း ယီမင် အရာရှိတွေက ပြောပါတယ်။ အစိုးရ တပ်တွေရောက်လာတာကို ဒေသခံတွေက သေနတ်တွေ လေထဲ ထောင်ဖေါက် ကြိုဆိုခဲ့ကြပါတယ်။

ယီမင်နိုင်ငံမှာ သမ္မတ အလီ အဗဒူလာ ဆာလေး (Ali Abdullah Saleh) ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေး ဆန္ဒပြ တောင်းဆိုမှုတွေ နောက်ပိုင်း မနှစ်ကစပြီး အဘယန်ဒေသ မှာ အယ်လ်ကိုင်းဒါးတွေက သိမ်းပိုက် ထားခဲ့တာဖြစ်ပါတယ်။ သမ္မတ ဆာလေး နောက် တက်လာ တဲ့ သမ္မတသစ် အဘက် ရက်ဘို မန်ဆော ဟာဒီ (Abed Rabbo Mansour Hadi) လက်ထက်မှာတော့ ဒီဒေသက အယ်လ်ကိုင်းဒါးတွေကို အမေရိကန် အကူအညီနဲ့ တိုက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG