သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် မြန်မာပြည်ရောက်ရှိ

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မြန်မာပြည်ရောက်နေတဲ့ သတင်းကိုလည်း ပြောပြပေးချင်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambia က မြန်မာနိုင်ငံ မှာ ရောက်နေပြီး မနေ့ကပဲ သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူမျိုးရေးပဋိပက္ခတွေကြောင့် အရေးပေါ် အခြေအနေ ကြေငြာထားခဲ့ရတဲ့ကိစ္စရဲ့ အကြမ်းဖက်မှုသံသရာထဲ မျောမနေကြဘဲ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကိုလည်း မထိခိုက်စေဖို့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားခဲ့တဲ့ အတိုင်း မြန်မာအစိုးရက ထင်သာမြင်သာရှိဖို့နဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားပြီး ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်းတွေကို မစ္စတာ Nambia နဲ့ သမ္မတဦးသိန်းစိန်တို့ ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူ Martin Nersky က ပြောပါတယ်။

မစ္စတာ နမ်ဘီယား ဟာ သမ္မတအပြင် တခြား အစိုးရခေါင်းဆောင်တွေနဲ့ လည်း ဆွေးနွေးမှုတွေ ပြု လုပ်ဖို့ မြန်မာနိုင်ငံကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအတွက် နယ်စပ်ဖွင့်ပေးထားဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

This item is part of
XS
SM
MD
LG