သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမားရဲ့ စီးပွားရေးနိုးထမှုအစီအစဉ်နဲ့ အလုပ်လက်မဲ့နှုန်းမြင့်တက်လာမှု


မေလထုတ် အလုပ်သမားရေးဝန်ကြီးဌာနရဲ့အစီရင်ခံစာမှာ အရင်လတွေနဲ့စာရင် အလုပ်လက်မဲ့ အရေအတွက် ဦးရေ မြင့်တက်နေကြောင်း ဖော်ပြထားပါတယ်။ သမ္မတက ပုဂ္ဂလိကစီးပွားရေးနယ်မှာ အဆင်ချောနေပါပြီလို့ အမေရိကန်သမ္မတအိုဘားမားက ပြောခဲ့ပြီးတဲ့နောက် အခုလို အလုပ်လက်မဲ့ နှုန်း မြင့်တက်လာတာနဲ့ပတ်သက်လို့ သတင်းထောက်တွေနဲ့ မကြာခင်ကတွေ့ဆုံရာမှာ အမေရိကန် စီးပွားရေး ဆုတ်ယုတ်လာနေရတာဟာ ရီပတ်ဘလီကင်ပါတီဝင်အမတ်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိလို့ ဆိုပြီး ပြောခဲ့ပါတယ်။

ရီပတ်ဘလီကင်တွေဘက်ကတော့ အမေရိကန်အလုပ်လက်မဲ့နှုန်း မြင့်တက်နေရတာက ဥရောပ ကြွေးမြီ ကိစ္စနဲ့မဆိုင်ဘဲ သမ္မတရဲ့ စီးပွားရေးနိုးထမှုအစီအစဉ်တွေ မအောင်မြင်တာကြောင့်သာ ဖြစ်တယ်ဆိုပြီး တုံ့ပြန်ခဲ့ကြပါတယ်။ ဒီလို အမေရိကန်ရဲ့ စီးပွားရေးနဲ့ အလုပ်လက်မဲ့ပြဿနာတွေ အကြောင်းကို ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးအဖြစ် ကိုရော်နီညိမ်းနဲ့ မမိုးဖြူတို့က ဆွေးနွေးသုံးသပ် တင်ပြပေးထားပါတယ်။

XS
SM
MD
LG