သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး တရုတ်အမျိုးသမီးအာကာသယာဉ်မှူး

တရုတ်နိုင်ငံမှာ ရည်မှန်းချက်အကြီးဆုံး အာကာသအစီအစဉ် အဖြစ် အမျိုးသမီးအာကာသယာဉ်မှူး ၁ ယောက် အမျိုးသား အာကာသယဉ်မှူး ၂ ယောက်တို့ ပါတဲ့ အာကာသယာဉ်ကို လွှတ်တင်လိုက်ပါပြီ။

ကမ္ဘာပတ်လမ်းကြောင်းထဲမှာ လည်ပတ်နေတဲ့ အာကာသ ဓာတ်ခွဲခန်းနဲ့ ချိတ်ဆက်မယ့် Shenzhou အမှတ် ၉ အာကာသ ယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂိုဘီသဲကန္တာရ ထဲမှာရှိတဲ့ ကျူချွမ် အာကာသစခန်း ကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

Tiangon အမှတ် ၁ ဓာတ်ခွဲခန်းအပိုင်းတခုနဲ့ ချိတ်ဆက်ပြီးရင် အာကာသယဉ်မှူး ၂ ယောက်က အဲဒီအာကာသ ဓာတ်ခွဲခန်းထဲမှာ လေ့လာစမ်းသပ်မှုတွေကို လုပ်ပြီးမှ မြေပြင်ပေါ်ကို ပြန်ဆင်းသက်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ၁၀ ရက်ကြာမယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ တရုတ်နိုင်ငံက အာကာသယဉ်မှူးတွေပါတဲ့ အာကာသခရီးစဉ်ကို နောက်ဆုံး လွှတ်တင်ခဲ့တာက ၂၀၀၉ ခုနှစ် စက်တင်ဘာလက ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG