သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်၊ တာလီဘန်နဲ့ အမေရိကန်ဦးဆောင်တဲ့ အင်အားကြီးနိုင်ငံတွေ ဆွေးနွေး

ကဘူးလ်မြို့တွင်း ရဲစခန်းတိုက်ခိုက်ခံရစဉ်။ ဂျွန် ၁၈၊ ၂၀၁၁။
ကဘူးလ်မြို့တွင်း ရဲစခန်းတိုက်ခိုက်ခံရစဉ်။ ဂျွန် ၁၈၊ ၂၀၁၁။

အာဖဂန်နစ္စတန်မြို့တော် ကဘူးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆယ်စုနှစ်တခုနီးပါးကြာ အာဖဂန်စစ်ပွဲတွေကို ဖြေရှင်းနိုင်ဖို့ အမေရိကန်နဲ့ တခြား အင်အားကြီးနိုင်ငံတွေက တာလီဘန်တွေနဲ့ ဆွေးနွေးနေကြတယ်လို့ အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကာဇိုင်းက ပြောဆိုလိုက်ပါတယ်။

ခုလိုပြောတာဟာ အာဖဂန်စစ်ပွဲညှိနှိုင်းမှုမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို ပထမဆုံးအကြိမ် တရားဝင်ပြောဆိုမှုလည်း ဖြစ်ပါတယ်။ မစ္စတာကာဇိုင်းရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ကဘူးမြို့မှာရှိတဲ့ အမေရိကန်သံရုံးကတော့ မှတ်ချက်ချဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒီတပတ်စောစောပိုင်း အမေရိကန် တပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့ သမ္မတ Obama က အာဖဂန်စစ်ပွဲဆိုင်ရာတပ်မှူးကြီး ဗိုလ်ချုပ် ဒေးဗစ်ပက်ထရီးယော့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ပိုပြီးများတဲ့ ရွေးချယ်စရာလမ်းတွေကို သူတို့ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ၂၀၁၄ ခုနှစ် အကုန်မှာ အာဖဂန်နစ္စတန်ကနေ တိုက်ခိုက်ရေး တပ်တွေအားလုံး ရုပ်သိမ်းဖို့နဲ့ လာမဲ့ ဇူလိုင်လမှာ အမေရိကန်တပ်တချို့ စပြီးရုပ်သိမ်းဖို့ အမေရိကန် သမ္မတ Barack Obama ကတောင်းဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေအရ အာဖဂန်သမ္မတ အိမ်ဝင်းနားက ရဲစခန်းတခုကို အသေခံ ဗုံးခွဲသမားတွေ တိုက်ခိုက်ခဲ့တဲ့အတွက် လုံခြုံရေးအဖွဲ့ဝင် ၄ ယောက်နဲ့ အရပ်သား ၅ ယောက်သေဆုံးသွားတယ်လို့ သိရပါတယ်။

This item is part of
XS
SM
MD
LG