သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UEFA အုပ်စုပွဲ အင်္ဂလန်နဲ့ဆွီဒင်နိုင်


မနေ့က ၂၀၁၂ ဥရောပဖလား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုတွင်း နောက်ဆုံးပြိုင်ပွဲတွေ ဖြစ်ကြတဲ့ အုပ်စု-D က အင်္ဂလန်နဲ့ ယူကရိန်းတို့ရဲ့ ပွဲနဲ့ ဆွိဒင်နဲ့ ပြင်သစ်တို့ရဲ့ပွဲစဉ်တွေမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲကြီးပွဲကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ အင်္ဂလန်နဲ့ ယူကရိန်းတို့ပွဲမှာ နာမည်ကျော် ရှေ့တန်းတိုက်စစ်မှူး ရွန်နေ (Rooney) ဟာ အင်္ဂလန်ရဲ့ တလုံးတည်းသော အနိုင်ဂိုးကိုသွင်းခဲ့ပါတယ်။

ရှေ့တန်းလူတဦးက ရှေ့ကို ကန်တင်လိုက်တဲ့ဘောလုံးဟာ ယူကရိန်းနောက်တန်းလူ ၂ ယောက်နဲ့ ဂိုးသမားတို့ ကာကွယ်တားဆီးနေတဲ့ ကြားက လွတ်ထွက်လာပြီး ဂိုးပေါက်ရဲ့ ဘယ်ဘက်ဒေါင့်မှာ စောင့်နေတဲ့ Rooney ဆီကို ရောက်ရှိသွားတဲ့အခါမှာ Rooney က လှလှပပ ဂိုးသွင်းလိုက်တာပါ။

အုပ်စု-D မှာ အင်္ဂလန်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေနဲ့ ၇ မှတ်ရရှိပြီး အုပ်စုဗိုလ်ဖြစ်လာပြီးတော့ အုပ်စု-C က ဒုတိယရရှိထားတဲ့ အီတလီအသင်းနဲ့ လာမယ့် ယူကရိန်းက Keiv မြို့မှာ ကွာတားဖိုင်နယ်ပွဲ ကစားရတော့မှာ ဖြစ်ပါတယ်။

အုပ်စု-D ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဆွီဒင်နဲ့ပြင်သစ်တို့ရဲ့ပွဲမှာတော့ ၂ ပွဲရှုံးထားပြီး မျှော်လင့်ချက်မရှိတော့တဲ့ ဆွီဒင်အသင်းဟာ ပြင်သစ်ကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိသွားပေမဲ့ ပြိုင်ပွဲကနေတော့ ထွက်သွားရပြီဖြစ်ပါတယ်။

XS
SM
MD
LG