သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ခေါင်းဆောင်ဟောင်း မူဘာရက် နောက်ဆုံး အချိန် ရောက်ပြီ


လူထုဆန္ဒပြပွဲတွေကြောင့် ရာထူးကဖယ်ရှားခံခဲ့ရတဲ့ အီဂျစ်သမ္မတဟောင်း Hosni Mubarak သေဆုံး သွားပြီလို့ အီဂျစ် အစိုးရသတင်းအေဂျင်စီတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို အတည်ပြု ဖို့ စောနေသေးတယ်လို့ လုံခြုံရေး အရာရှိတွေက သတင်းအေဂျင်စီတွေကို ပြောခဲ့ပါတယ်။

အသက် ၈၄ နှစ်အရွယ် မစ္စတာမူဘာရက်ဟာ အင်္ဂါနေ့နှောင်းပိုင်းက သေဆုံးသွားပြီလို့ သူရဲ့ဆရာဝန်တွေ က ပြောဆိုတဲ့ အကြောင်းကို အီဂျစ်သတင်းအေဂျင်စီ မီနာက ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့နှလုံးက စက်ကိရိယာ အကူအညီတွေနဲ့တော့ ခုန်နေတုန်းပဲလို့ လုံခြုံရေးအရာရှိတွေက နောက်ပိုင်း မှာ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးရုံကို သယ်ဆောင်သွားပြီလို့လည်း သိရပါတယ်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက ၁၈ ရက်ကြာ လူထုဆန္ဒပြပွဲတွေကြောင့် ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ အချိန်အထိ မစ္စတာမူဘာရက်ဟာ အီဂျစ်နိုင်ငံကို နှစ် ၃၀ ကျော် အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

တရားရေးဝန်ကြီးဌာန အရာရှိတစ်ယောက်ရဲ့သားဖြစ်သူ မစ္စတာမူဘာရက်ဟာ အီဂျစ်လေတပ်မှာ တာဝန်ယူခဲ့ပြီးနောက် အဲ့ဒီကမှ တပ်မှူးကြီး၊ နောက်ဆုံး လက်ထောက်ကာကွယ်ရေးဝန်ကြီးအဖြစ် ရာထူးအဆင့်ဆင့် တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၇၅ ခုနှစ်မှာ သမ္မတ အမ်ဝါဆာဒတ်ရဲ့ လက်ထောက်အဖြစ် အမည်တင်သွင်းခံခဲ့ရပြီးတော့ ၁၉၈၁ ခုနှစ် မှာ ဆာဒတ်ကို အစွန်းရောက်တွေက လုပ်ကြံသတ်ဖြတ်ခံရတဲ့အချိန်အထိလည်း ဆာဒတ်ဘက်က ရပ်တည်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး မှာတော့ သမ္မတရာထူးကို ရယူခဲ့ပြီး အစ္စရေးနဲ့ ၁၉၇၉ ငြိမ်းချမ်းရေး စာချုပ် ချုုပ်ဆိုတဲ့နေရာမှာ အသိအမှတ်ပြုခံရပြီးတော့ အနောက်နိုင်ငံတွေက ယုံကြည်စိတ်ချရတဲ့ မဟာမိတ်တစ်ယောက်နေရာမှာ အရယူပြီး သူ့ရဲ့အာဏာကို ဆက်လက် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG