အခုတပတ် အနုပညာ မိုးကောင်းကင်မှာတော့ ပြောင်းလဲလာနေတဲ့ မြန်မာပြည်က HIP HOP ဂီတလောက အကြောင်း နားဆင်ရမှာပါ။ မြန်မာပြည်က HIP HOP တေးဂီတ ဖန်တီးမှုတွေဟာ လူထုဘ၀ ခံစားချက်တွေနဲ့ အခြေအနေမှန်တွေကို ကြိုးစားပြီး ဖေါ်ထုတ်လာနေကြပြီလို့ မကြာခင်ကမှ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း အဆိုတော် ဇေယျာသော်က ပြောပါတယ်။ HIP HOP ဂီတသမား ဇေယျာသော်ရဲ့ အနုပညာ အမြင်နဲ့ ခံယူချက်တချို့ကို သိနိုင်အောင် ကိုကျော်အောင်လွင် က ဆက်သွယ်ပြီး တင်ဆက်ထားပါတယ်။
လူထုခံစားချက်ကို သီချင်းဆိုမယ့် ဇေယျာသော်
- Kyaw Lwin