သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Google ကြော်ငြာလုပ်ငန်း အမေရိကန် စုံစမ်းစစ်ဆေး


Google ကြော်ငြာလုပ်ငန်း အမေရိကန် စုံစမ်းစစ်ဆေး
Google ကြော်ငြာလုပ်ငန်း အမေရိကန် စုံစမ်းစစ်ဆေး

အင်တာနက်ပေါ်မှာ အချက်အလက်တွေ ရှာဖွေပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်နေတဲ့ Google ကုမ္ပဏီဟာ အရှိန်အဝါကို သုံးပြီး သူ့ရဲ့လုပ်ငန်းတွေကို ကြော်ငြာနေတာတွေ၊ ပြိုင်ဘက် လုပ်ငန်းတွေကို အဟန့်အတားတွေ လုပ်နေတာတွေ ရှိမရှိ အမေရိကန် အစိုးရက စတင် စစ်ဆေးနေပါတယ်။

Google ကုမ္ပဏီဟာ ကမ္ဘာတဝန်း အင်တာနက်ပေါ်မှာ အချက်အလက် ရှာဖွေတဲ့ လုပ်ငန်းရဲ့ ၆၅% ကျော်ကို ထိန်းချုပ်ထားပြီး အချက်အလက် ရှာဖွေတာတွေနဲ့ ဆက်နွယ်တဲ့ ကြော်ငြာတွေကနေ အများစုဖြစ်တဲ့ ဒေါ်လာ သန်းပေါင်း ထောင်ချီတဲ့ ဝင်ငွေတွေကို ရရှိနေတာပါ။

Google ကုမ္ပဏီအနေနဲ့ သူ့ရဲ့သြဇာလွှမ်းမိုးမှုကိုသုံးပြီး ကြော်ငြာလုပ်ငန်းကနေ ဝင်ငွေရှာနေရုံသာမက ကြီးထွား လာနေတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေကိုပါ သုံးစွဲသူတွေကို စွဲဆောင် နေသလား သိရအောင် ပြည်ထောင်စု ကုန်သွယ်ရေး ကော်မရှင်က စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ (EU) က Google လုပ်ငန်းတွေကို စစ်ဆေးဖို့ ပြီးခဲ့တဲ့နှစ်မှာ စတင် လုပ်ဆောင်ခဲ့ပြီးတဲ့ နောက် အမေရိကန်ကလည်း အခုအခါ အလားတူ ဆောင်ရွက်လာတာပါ။

အမေရိကန်ပြည်ထောင်စုက တက္ကဆက်ပြည်နယ်ကလည်း Google ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှု တွေအပေါ် စုံစမ်းစစ်ဆေး နေတာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိတွေကတော့ သူတို့အနေနဲ့ တစုံတရာ အမှားအယွင်း ကျူးလွန်တာ၊ ဥပဒေချိုးဖောက်တာတွေ မရှိဘူးလို့ ယုံကြည်တဲ့ အကြောင်း ပြောဆို ထားပါတယ်။

XS
SM
MD
LG