အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှာ တရားမဝင် ဝင်ရောက်လာသူတွေကြောင့် တိုးလာတဲ့ ရာဇဝတ်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ဥပဒေတရပ်ကို ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ပေမဲ့ အမေရိ ကန် တရားလွှတ်တော်ချုပ်က ပယ်ချလိုက်ပါတယ်။ အခုလို တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်က အရီဇိုးနားနဲ့ တခြား ပြည်နယ်တွေအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေနိုင်တယ်လို့ ကော်နဲလ် တက္ကသိုလ်ပါမောက္ခ စတီဖင်၊ ရေးလ်၊ လိုဟာ က ပြောပါတယ်။ ဒီအကြောင်းကို ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးအဖြစ် ဦးသန်းလွင်ထွန်းက ပြောပြထားပါတယ်။