အခုတပတ် အနုပညာမိုးကောင်းကင်မှာတော့ အွန်လိုင်းကဗျာ အကြောင်းကို နားဆင်ရမှာပါ။ အင်တာနက် စွမ်းအင်ကြောင့် တိုးတက်ပြောင်းလဲမှုတွေ ရှိလာ တာကို အနုပညာလောကမှာလည်း ထင်ထင်ရှားရှား မြင်တွေ့နေရပါပြီ။ အင်တာနက် လွတ်လပ်ခွင့် မရှိတဲ့ မြန်မာပြည်မှာတောင် အွန်လိုင်းအနုပညာ ဖန်တီးမှုတွေ ရှိလာနေပါတယ်။ မြန်မာ့ကဗျာလောကမှာလည်း “အွန်လိုင်းကဗျာ”ဆိုတဲ့ဝေါဟာရ အသစ်နဲ့အတူ အင်တာနက် ပေါ်မှာ ရေးသားနေကြတဲ့ ကဗျာသမားတွေ ပေါ်ပေါက်နေပါပြီ။ ကဗျာဆရာနှင်းခါးမိုးဟာ မြန်မာပြည်ထဲမှာ နေခဲ့တုန်းကလည်း စာပေအနုပညာ မဂ္ဂဇင်းတွေမှာ ကဗျာတွေရေးခဲ့တဲ့သူဖြစ်ပြီး အခု နိုင်ငံခြားမှာ ရောက်နေတော့လည်း အွန်လိုင်းကဗျာတွေ ဖန်တီးနေသူတဦး ဖြစ်ပါတယ်။ မြန်မာ့အွန်လိုင်းကဗျာ တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို သိနိုင်အောင် ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အွန်လိုင်းကဗျာ
- Kyaw Lwin
