သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားကျန်းမာရေးအစီအစဉ် ဖွဲ့စည်းပုံနဲ့ကိုက်ညီ

သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ပါ အပြင်းပွားဖွယ်ဖြစ်နေတဲ့ အဓိကအချက်ဟာ ဖွဲ့စည်းပုံနဲ့ညီကြောင်း အမေရိကန်တရားရုံးချုပ်ကနေ ၅ မဲ ၄မဲ အများစုမဲနဲ့ ရပ်တည် ဆုံးဖြတ်လိုက်ပါ တယ်။

အဲဒီအချက်ကတော့ အမေရိကန်နိုင်ငံသားတိုင်းဟာ လာမယ့် ၂၀၁၄ ခုနှစ်ကစပြီး Health Insurance ကျန်းမာရေးအာမခံ ထားရှိရမှာဖြစ်ပြီး အကယ်လို့ မရှိခဲ့ရင် ဒဏ်ငွေတပ်ခံရမယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလို ဒဏ်ငွေတပ်တာဟာ အခွန်ကောက်ယူတာမျိုးဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အရ ခွင့်ပြုထားတာကြောင့် ဒါကို လွှတ်တော်မှာ တင်သွင်းဆွေးနွေး ဆုံးဖြတ်ခွင့်ရှိတယ်လို့ တရားသူကြီးအများစုရဲ့အမြင်ကို တရားသူကြီးချုပ် John Roberts က ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို တရားရုံးချုပ်အနေနဲ့ တားမြစ်ဟန့်တားနိုင်တဲ့ ဒါမှမဟုတ် ခွင့်ပြု ဆုံးဖြတ်ပေးနိုင် တဲ့ အနေအထားမရှိဘူးလို့ ဆိုပါတယ်။ ဒီအချက်ဟာ ဖွဲ့စည်းပုံနဲ့ ကိုက်ညီကြောင်းဆုံးဖြတ်ပေးသူတွေထဲမှာ တရားသူကြီးချုပ် Roberts နဲ့ အတူ တရားသူကြီး Stephen Breyer၊ တရားသူကြီး Ruth Bader Ginsburg၊ တရားသူကြီး Elena Kagan နဲ့ တရားသူကြီး Sonia Sotomayor တို့ ဖြစ်ကြပါတယ်။

ဒီဆုံးဖြတ်ချက်ကို သမ္မတအိုဘားမားက ဝမ်းမြောက်စွာကြိုဆိုလိုက်ပါတယ်။ ဒါဟာ တတိုင်းပြည်လုံးက လူထုအတွက် အောင်မြင်မှုတရပ် ဖြစ်ပြီး တရားရုံးချုပ်ရဲ့ အခုဆုံးဖြတ်ချက်နဲ့ ဥပဒေကြောင့် လူထုရဲ့ဘဝတွေ ပိုပြီး စိတ်ချလုံခြုံလာလိမ့်မယ်လို့ ပြောသွားပါတယ်။ အခု တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အတွင်းမှာ နေထိုင်သူတွေဟာ ကျန်းမာရေး မကောင်းတာကြောင့် ဒါမှမဟုတ် အခြား မတော်တဆ ဘေးဥပါဒ် တခုခုကြောင့် မိသားစု ငွေကြေးအကြပ်အတည်းဖြစ်တာမျိုး စီးပွားရေး ယိုင်လဲသွားတာမျိုး မဖြစ်စေရဘူးလို့လည်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

သမ္မတအိုဘားမားနဲ့ အခုလာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဘက်ဖြစ်မယ့် ရီပတ်ပလင်ကဲန်ကိုယ်စားလှယ် Mitt Romney ကတော့ သမ္မတအိုဘားမားရဲ့ ဒီကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို သူ အာဏာရပြီဆိုတာနဲ့ ပထမဆုံးနေ့မှာပဲ ကန့်ကွက်မယ်ဆိုပြီး မဲဆန္ဒရှင်တွေကို ဂတိပေးထားပါတယ်။ ဒီဥပဒေကြောင့် အမေရိကန် သန်း ၂၀ ကျော်ကို ထိခိုက်မှု ရှိနိုင်တယ်လို့ ပြောပါတယ်။

This item is part of
XS
SM
MD
LG