သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက မြန်မာနဲ့ စစ်လက်နက်အပေးအယူ လုပ်ခဲ့ဖွယ်ရှိ


မြောက်ကိုးရီးယားက ဆီးရီးယားနဲ့ မြန်မာနိုင်ငံတို့နဲ့ စစ်လက်နက်ဆိုင်ပစ္စည်းရာ အပေးအယူတွေ လုပ်ခဲ့ဖွယ်ရှိတယ်ဆိုတဲ့ လွတ်လပ်တဲ့ကျွမ်းကျင်သူတွေရဲ့ အဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေးရေးသားထားတဲ့ အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂက ဇွန်လ (၂၉) ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာကို Reuters သတင်းဌာနက လွန်ခဲ့တဲ့ မေလကတည်းက ကြည့်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ကျွမ်းကျင်သူအဖွဲ့က စာမျက်နှာ (၇၄) မျက်နှာပါတဲ့ ဒီအစီရင်ခံစာကို ပြီးခဲ့တဲ့ မေလက ကုလ သမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုးရီးယားကို အရေးယူပိတ်ဆို့ဒဏ်ခတ်ရေး ကော်မတီဆီ တင်သွင်း ခဲ့ပြီးတော့ ဒီအစီရင်ခံစာ ထုတ်ပြန်ရေးကို တရုတ်က ကန့်ကွက်နေတာကြောင့် တစ်လကျော် နောက် ကျပြီးမှ ထွက်လာရတာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

မြောက်ကိုးရီးယားဟာ စစ်လက်နက်တွေ တင်ပို့နေတာမှာ တရုတ်နိုင်ငံကို ကြားစခန်းအဖြစ်ထားပြီး တင်ပို့နေတာဖြစ်တယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားတာကြောင့် တရုတ်က အရင် အစီရင်ခံ စာဟောင်းတွေကို မထုတ်ပြန်ဖို့ လုံခြုံရေးကောင်စီမှာ တားဆီးခဲ့ကြောင်း၊ နောက်ဆုံးမှာ တရုတ်က သဘောတူညီခဲ့ တာကြောင့်၊ အစီရင်ခံစာကို အခုအခါ ထုတ်ပြန်နိုင်ခဲ့တာလို့ ကုလသမဂ္ဂ သံတမန်တွေက Reuters ကို ပြောပြခဲ့ပါတယ်။

နျူကလီးယားဆိုင်ရာ အစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ WMD လက်နက်ဆိုင်ရာ ပဲ့ထိန်းတပ် ဒုံးကျည် ဆိုင်ရာ အစိတ်အပိုင်းတွေကို တင်ပို့တဲ့ သတင်း အချက်အလက်တွေ မတွေ့ရပေမယ့်လည်း တခြားနိုင်ငံတွေကို စစ်လက်နက်ပစ္စည်းရောင်းချတာကို မလုပ်ရဆိုတဲ့ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေ ကို မြောက်ကိုးရီးယားက ဆက်ပြီး ချိုးဖောက်နေတယ်လို့ ဒီအစီရင်ခံစာက ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုက မြောက်ကိုးရီးယားရဲ့ တခြားနိုင်ငံတွေကို စစ်လက်နက် ပစ္စည်းရောင်းချတာကို မတားဆီးနိုင်ခဲ့ပေမယ့် ဒီလိုရောင်းချနေမှုကို နှေးကွေးသွားစေ၊ ပိုပြီး ခက်ခဲ သွားစေသလို ပိုပြီးတော့လည်း အကုန်အကျများစေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။ မြောက်ကိုးရီးယားဟာ ၂၀၀၇ ခုနှစ်က SCUD ဒုံးကျည်တွေမှာ တပ်ဆင်တဲ့ ပန်ကာဒလက်တွေနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်တွေ မှာ တပ်ဆင်တဲ့ တခြား အစိတ်အပိုင်းတွေ ဆီးရီးယားကို တရုတ်နိုင်ငံကတဆင့် တင်ပို့ခဲ့သလို မြန်မာနိုင်ငံနဲ့လည်း သမားရိုးကျလက်နက်တွေ ပူးပေါင်းထုတ်လုပ်ရေး အပေးအယူ လုပ်ခဲ့ဖွယ်ရှိတယ်လို့ ဒီအစီရင်ခံစာက ဆိုပါတယ်။ ဒီအစီရင်ခံစာကို ရေးသားခဲ့တဲ့ အဖွဲ့ကပဲ မကြာခင်မှာ အီရန်နိုင်ငံဆိုင်ရာ အစီရင်ခံစာ ကို ထုတ်ပြန်ဖို့ ရှိနေတယ်လို့ သံတမန်တွေက ဆိုကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG