သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာရိန်း ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွေ စပြီ


ဘာရိန်းနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးကော်မတီပြောခွင့်ရ Isa Abdul Rahman, ဂျူလိုင် ၂ ရက်၊ ၂၀၁၁။
ဘာရိန်းနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးကော်မတီပြောခွင့်ရ Isa Abdul Rahman, ဂျူလိုင် ၂ ရက်၊ ၂၀၁၁။

ဘာရိန်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ လနဲ့ချီ ဖြစ်လာခဲ့ပြီးတဲ့နောက်ပိုင်း ဘာရိန်း အုပ်ချုပ်သူတွေနဲ့ အတိုက်အခံ ခေါင်းဆောင်တွေအကြား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ စတင်ခဲ့ကြပါတယ်။ ဘာရိန်းနိုင်ငံမှာ အုပ်ချုပ်သူတွေက ဆိုနီ မွတ်စလင်တွေဖြစ်ပြီးတော့ အတိုက်အခံ နိုင်ငံရေးပါတီတွေဘက်မှာ ရှီရာမွတ်စလင်တွေရှိပါတယ်။

အခုတော့ အမျိုးသားရေး တွေ့ဆုံဆွေးနွေးပွဲ ဆိုတာကို ပြုလုပ်ကြဖို့ အတိုက်အခံပါတီအဖွဲ့က ဆုံးဖြတ်ခဲ့ပါပြီ။ အရေးကြီးတဲ့ အတိုက်အခံပါတီဘက်က ခေါင်းဆောင်တွေကို အစိုးရဘက်က ဆက်ပြီး ဖမ်းထားအုံးမယ် ဆိုရင်တော့ အခု တွေ့ဆုံဆွေးနွေးမှုအတွက် စိုးရိမ်စရာပဲလို့ အတိုက်အခံ ပါတီတွေဘက်က ပြောပါတယ်။

ဒီမိုကရေစီရရှိရေး ဆန္ဒပြမှုတွေကို အစိုးရက နှိမ်နင်း ဖြိုခွဲခဲ့ပြီးတဲ့နောက်ပိုင်း ဘာရိန်းအောက်လွှတ်တော်မှာ အမတ် ၄၀ ရှိတဲ့အထဲက ၁၈ ဦး ပြီးခဲ့တဲ့ မတ်လတုန်းက လွှတ်တော်ထဲကနေ နုတ်ထွက်ခဲ့ကြပါတယ်။ ဒီမိုကရေစီရေး ဆန္ဒပြမှုတွေမှာ အများစုက ရှီရာမွတ်စလင်တွေပါ။ အခု တွေ့ဆုံဆွေးနွေးမှုမှာ နိုင်ငံရေးကိစ္စအပြင် လူ့အခွင့်အရေးနဲ့ စီးပွားရေးကိစ္စတွေပါ ပါဝင်တယ်လို့ ဘာရိန်းအစိုးရက ပြောပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လွတ်လပ်တဲ့ကော်မရှင်တခု ဖွဲ့စည်း လုပ်ဆောင်မယ်လို့ ဘာရိန်းဘုရင်က အခုတပတ် စောစောပိုင်းမှာ ပြောကြားခဲ့တာ ရှိပါတယ်။

XS
SM
MD
LG