သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်မ်ဘယ်လ်ဒန်တင်းနစ် အမျိုးသမီးဗိုလ်လုပွဲချက် တင်းနစ်မယ် အနိုင်ရ


ဝင်မ်ဘယ်လ်ဒန်တင်းနစ် အမျိုးသမီးဗိုလ်လုပွဲချက် တင်းနစ်မယ် အနိုင်ရ

စနေနေ့က ပြီးသွားတဲ့ ၀င်မ်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်း နောက်ဆုံးဗိုလ်လုပွဲ မှာ ချက်သမ္မတနိုင်ငံက ပီထရာ ကဗစ်တိုဗာ (Petra Kvitova) က ရုရှားသူ မာရီယာ ရှရာပိုဗာ (Maria Sharapova) ကို အနိုင်ရိုက်ပြီး ဒီနှစ် ၀င်မ်ဘယ်လ်ဒန်ချန်ပီယံဖြစ်သွားပါပြီ။

လန်ဒန်မှာကစားကြတဲ့ ဖိုင်နယ်မှာ အရပ်ရှည်ရှည် ဘယ်သန် ကဗစ်တိုဗာက ၆-၃၊ ၆-၄ နှစ်ပွဲ ပြတ်နဲ့ ရှရာပိုဗာကို နိုင်သွားတာပါ။

၂၀၀၄ ခုနှစ်က ၀င်မ်ဘယ်လ်ဒန်ချန်ပီယံဖြစ်ခဲ့ဖူးပြီး လက်ရှိကမ္ဘာ့အဆင့် ၄ ဖြစ်နေတဲ့ ရှရာပိုဗာ ဒီနှစ်နိုင်လိမ့်မယ်လို့ တင်းနစ်ပွဲတွေကိုစောင့်ကြည့်သူတွေက ကြိုတင်ခန့်မှန်းခဲ့ကြတာပါ။ ဒါပေမဲ့ အသက် ၂၁ နှစ်အရွယ် လက်ရှိ အဆင့် ၈ ရှိသူ ကဗစ်တိုဗာက ၀င်မ်ဘယ်လ်ဒန် ဆုဖလားကို ရသွားပါတယ်။

XS
SM
MD
LG