သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား အစိုးရရုံးစိုက်ရာ မြို့သစ်တည်ထောင်


တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်မှာ လူနေထူထပ်မှု လျော့နည်းသွားစေမယ်၊ ပိုပြီး မျှမျှတတ ဖွံ့ဖြိုး တိုးတက်စေမယ်ဆိုတဲ့ အစိုးရရဲ့ မျှော်လင့်ချက်နဲ့ အစိုးရရုံးစိုက်ရာ မြို့သစ်တခုကို ဖွင့်လှစ်လိုက်ပါတယ်။ Seoule မြို့တော်ရဲ့ တောင်ဘက် ၇၅ မိုင်အကွာမှာရှိတဲ့ Sejong မြို့ တရားဝင်ဖွင့်ပွဲ အခမ်းအနားကို တနင်္လာနေ့က လုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် မကုန်ခင်မှာ အစိုးရဝန်ထမ်း ၁၀,၀၀၀ လောက် အဲဒီမှာ ရုံးစိုက်မှာ ဖြစ်ပါတယ်။

ရှေ့နှစ်နှစ်အတွင်းမှာ ဝန်ကြီးချုပ်ရုံးနဲ့ အစိုးရ အသံလွှင့်ဌာနအပါအဝင် ဝန်ကြီးဌာန ၁၆ ခုနဲ့ အေဂျင်စီ (Agency) အခု ၂၀ ကို Sejong ကို ပြောင်းရွှေ့ဖို့ စီစဉ်ထားပါတယ်။

ဒီစီမံချက်ကို ၂၀၀၂ ခုနှစ်မှာ စတင်အဆိုပြုခဲ့တာဖြစ်ပြီး မြို့နှစ်မြို့မှာ အစိုးရရုံးတွေကို ခွဲထားရင် ထိရောက်မှု ရှိပါ့မလားလို့ တချို့က မေးခွန်း ထုတ်ခဲ့ကြပါတယ်။ Sejong မြို့မှာ လောလောဆယ် လူဦးရေ ၁၂၀,၀၀၀ ရှိပြီး ၂၀၂၀ ကျရင် ၂ ဆတိုးပြီး ၃၀၀,၀၀၀ အထိရှိလာမယ်လို့ အစိုးရက မျှော်လင့်ထားပါ တယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြီးစီးမဲ့ ၂၀၃၀ ခုနှစ် ရောက်ရင်တော့ လူဦးရေ ၅ သိန်းအထိ များလာ မယ်လို့ ခန့်မှန်းထားပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ လူဦးရေ စုစုပေါင်း ၄၉ သန်းမှာ ၁၀ သန်းက Seoul မြို့တော်မှာ နေထိုင်နေကြ တာဖြစ်ပါတယ်။ တကယ်တော့ တောင်ကိုရီးယား သမ္မတဟောင်း နိုမူဟွန်းက Sejong ကို မြို့တော်သစ် အဖြစ် သတ်မှတ်ချင်ခဲ့တာဖြစ်ပေမဲ့ ၂၀၀၄ ခုနှစ်က ဒီအစီအစဉ်ကို ဖွဲ့စည်းပုံအခြေခံရပဒေဆိုင်ရာ တရားရုံးကနေ ပယ်ချခဲ့ပါတယ်။ အခုသမ္မတ အီမြောင်ဘတ်ခ်ကတော့ နိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာ အဓိကကျတဲ့မြို့အဖြစ်သတ်မှတ်ပြီး စီမံကိန်းကို အောင်အောင်မြင်မြင် လျှော့ချ အကောင်အထည်ဖော်ခဲ့ တာဖြစ်ပါတယ်။

XS
SM
MD
LG