သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအရေးယူမှု မြောက်ကိုရီးယားဆက်ချိုးဖောက်

မြောက်ကိုရီးယားနိုင်ငံဟာ ဆီးရီးယားနဲ့ မြန်မာနိုင်ငံတ့ိုကို စစ်လက်နက်တွေ ပို့ပေးသလို ဇိမ်ခံလူသုံးကုန် ပစ္စည်းတွေ တင်သွင်းပြီး နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုကို ဆက်ပြီး ချိုးဖောက်နေတယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာထုတ်ပြန်ပါတယ်။

ဧပြီလမှာ ကျင်းပတဲ့ စစ်ရေးပြ အခမ်းအနားမှာ ပြသခဲ့တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်အသစ် KN-08 ဟာ အတု ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူအဖွဲ့က ပြောကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံကို စတင်ထူထောင်ခဲ့တဲ့ နိုင်ငံ့ဖခင်ကြီး Kim Il Sung နှစ်တရာပြည့် အထိမ်းအမှတ် အကြီးအကျယ်ဆင်နွှဲခဲ့တာမှာ စစ်ရေးပြအခမ်းအနားလည်း ပါဝင်ပါတယ်။ တချိန်တည်းမှာပဲ အဏုမြူ၊ ဓာတု ဒါမှမဟုတ် ဇီဝလက်နက်နဲ့ ပဲ့ထိန်းတပ်ဒုံးကျည်နဲ့ ပတ်သက်ပြီး ချိုးဖောက်မှုမရှိဘူးလို့ စာမျက်နှာ (၇၄) မျက်နှာရှိတဲ့ ဒီအစီရင်ခံစာမှာ ပြောထားပါတယ်။

အရေးယူပိတ်ဆို့မှုတွေကို စောင့်ကြည့်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကော်မတီကို တင်သွင်းတဲ့ အစီရင်ခံစာ ကို သောကြာနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်တွေကို ကုလသမဂ္ဂမှာ ရှိတဲ့ မြောက်ကိုရီးယား သံတမန်က ပယ်ချတယ်လို့ AP သတင်းဌာနက ကိုးကားပြောဆိုပါတယ်။

မြောက်ကိုရီးယားက ၂၀၀၆ ခုနှစ်မှာ nuclear လက်နက်စမ်းသပ်မှု ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ လုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ဒုတိယအကြိမ် nuclear လက်နက်စမ်းသပ်မှုပြုလုပ်တော့ အရေးယူပိတ်ဆို့မှုတွေကို တိုးမြှင့်ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ nuclear လက်နက်နဲ့ ပဲ့ထိန်းတပ်ဒုံးကျည် ထုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ မရရှိစေဖို့ အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်တာဖြစ်ပါတယ်ခင်ဗျာ။

This item is part of
XS
SM
MD
LG