သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၃၆ ကြိမ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့


အမေရိကန်နိုင်ငံ ဗြိတိသျှလက်အောက်က လွှတ်မြောက်ကြောင်း လွှတ်လပ်ရေးကြေငြာစာတမ်း ကြေညာ ခဲ့တာ ၂၃၆ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွေကို အမေရိကန်နေရာအနှံ့မှာ ကျင်းပနေကြပါတယ်။

မြို့ကြီး၊ မြို့လေးတွေမှာသာမက တိုင်းပြည်အနှံ့က သန်းပေါင်းများစွာသော အမေရိကန်တွေဟာ လွတ်လပ်ရေးအခမ်းအနား ချီတက်ပွဲတွေ၊ မီးရှုး မီးပန်း ဖောက်ပွဲတွေ၊ မိသားစုအတူ ဆုံစည်းပြီး Picnic ပျော်ပွဲစားထွက်တာတွေကို လုပ်ကြလေ့ရှိပါတယ်။

ဝါရှင်တန်မြို့တော်မှာတော့ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ လွတ်လပ်ရေးကျောက်တိုင်ရှိရာ မြို့လည်ခေါင် မျက်ခင်းပြင်မှာ စုဝေးပြီး တနိုင်ငံလုံးကို ရုပ်မြင်သံကြားက တိုက်ရိုက်ပြသမယ့် လွတ်လပ်ရေး အခမ်းအနား တီးမှုတ် ဖျော်ဖြေပွဲတွေနဲ့ ညဘက်မှာ ပစ်ဖောက်မယ့် မီးရှုး မီးပန်းတွေကြည့်ဖို့ စိုင်းပြင်းနေကြ ပါတယ်။

သမ္မတအိုဘားမားကလည်း အထူးဖိတ်ကြားထားတဲ့ စစ်သည်တွေကို BBQ အသားကင်တွေ၊ သမ္မတရဲ့ အထူး Marine တပ်ဖွဲ့တီးဝိုင်းတွေနဲ့ ဂုဏ်ပြုဧည့်ခံမှာ ဖြစ်ပါတယ်။

၁၈၁၂ ခုနှစ်မှာ အမေရိကန် ပြည်တွင်းစစ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေမှာလည်း မီးရှုး မီးပန်းတွေကို ပစ်ဖောက်မှာ ဖြစ်ပါတယ်။ အလားတူပဲ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးမြို့တော် ဖြစ်ခဲ့တဲ့ Philadelphia ၊ မယ်ရီလန်းပြည်နယ်ရဲ့မြို့တော် Annapolis နဲ့ နယူးယောက်မြို့တို့မှာလည်း မီးရှုး မီးပန်းတွေ ပစ်လွှတ်ပြီး လွတ်လပ်ရေးနေ့အခမ်းအနားတွေ ကျင်းပကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG