သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ်ချခံရတဲ့ဂျက် လေယာဉ်မှူးအလောင်းတွေ တူရကီရှာတွေ့


ဆီးရီးယားတပ်ဖွဲ့တွေက ပြီးခဲ့တဲ့လမှာ ပစ်ချခဲ့တဲ့ တူရကီ F-4 ဂျက်လေယာဉ်ပေါ် က လေယာဉ်မှူးနှစ်ယောက်ရဲ့ ရုပ် အလောင်းတွေကို မြေထဲပင်လယ်အရှေ့ပိုင်းက ပင်လယ်ကြမ်းပြင်မှာ ရှာတွေ့ပြီလို့ တူရကီ စစ်ဘက် က ပြောပါတယ်။ ဆီးရီးယားနိုင်ငံတဝန်းမှာတော့ အကြမ်းဖက်မှုတွေက ဆက်ဖြစ်နေဆဲပါ။

တူရကီကင်းထောက်လေယာဉ်ကို ဇွန်လ ၂၂ ရက်နေ့မှာ ဆီးရီးယားက ပစ်ချခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းခဲ့ပါ တယ်။ တူရကီနိုင်ငံက အခိုင်အမာ ပြန်တုံ့ပြန်မယ်လို့ သတိပေးထားတာပါ။ ဒါပေမဲ့လည်း ဒီအဖြစ် အပျက်ကနေ လက်နက်ကိုင် ပဋိပက္ခအထိ ဖြစ်လာမှာကိုတော့ မလိုလားဘူးလို့ နှစ်နိုင်ငံစလုံးက ပြောထားကြ ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ၁၆ လထဲရောက်လာပြီဖြစ်တဲ့ ပုန်ကန်ထကြွမှုတွေကို ဆီးရီးယားအစိုးရက အကြမ်းဖက်နှိမ်နင်း တဲ့အတွက် အရင်တုန်းက ဆက်ဆံရေးနီးစပ်ခဲ့တဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုတိုးလာတာ လပေါင်းများစွာ ကြာနေပါပြီ။ ဆီးရီးယားအစိုးရကို ပုန်ကန်နေသူတွေကို နယ်စပ်တလျှောက်မှာ တူရကီက လှုပ်ရှားခွင့်ပေးထား သလို ထောင်ပေါင်းများစွာ သော ဆီးရီးယားဒုက္ခသည်တွေဟာလည်း တူရကီနိုင်ငံထဲက ဒုက္ခသည် စခန်းတွေ မှာ နေထိုင်နေကြပါတယ်။

ဆီးရီးယားစစ်တပ်ထဲက နောက်ထပ် ဗိုလ်ချုပ်ကြီးတဦးဟာလည်း ဗုဒ္ဓဟူးနေ့မှာပဲ အတိုက်အခံဘက်ဆီ ကူးပြောင်း သွားတာ ကြောင့် ဒါဟာ ၁၅ ယောက်မြောက် အဆင့်မြင့်အရာရှိတယောက် တူရကီမြေဘက် ထွက်ပြေးတာ လည်းဖြစ်ပါတယ်။

အစိုးရ ဆန့်ကျင်သူလက်နက်ကိုင်တွေရဲ့ လွတ်လပ်သော ဆီးရီးယားတပ်ဖွဲ့ဆီ ကူးပြောင်းသွားတဲ့ အရာရှိ ၂၅၀ လောက်ကို တူရကီက လက်ခံထားပါတယ်။

XS
SM
MD
LG