အခုတပတ် အနုပညာမိုးကောင်းကင် အစီအစဉ်မှာတော့ အင်တာနက်သုံးပြီး စာပေဖန်တီးမှုတွေ မြန်မာပြည်မှာ ရှိလာနေတဲ့အကြောင်းကို နားဆင်ရမှာပါ။ မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့် မရှိဘူးဆိုပေမဲ့ ရတဲ့အခြေ အနေကို အသုံးပြုပြီး အွန်လိုင်းစာပေ ဖန်တီးမှုတွေတော့ ရှိလာနေပါတယ်။ ဒါပေမဲ့လည်း အရည်အတွက်အားဖြင့် နည်းနေပါသေးတယ်။ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ချိုတူးဇော်ဟာ အွန်လိုင်းစာပေ ရေးသားမှုတွေ လုပ်နေတဲ့ သူပါ။ အွန်လိုင်းစာပေ ဖန်တီးမှုတွေ အားကောင်းလာတာနဲ့အမျှ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တိုးတက်မှုတွေ ရှိလာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကိုကျော်အောင်လွင်က ဆရာချိုတူးဇော်ကို ဆက်သွယ် မေးမြန်းပြီး တင်ဆက်ထားပါတယ်။
အွန်လိုင်းစာပေဖန်တီးမှု
- Kyaw Lwin
