သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရူမေးနီးယားသမ္မတ စစ်ဆေးခံရဖွယ်ရှိ


ရိုမေးနီးယားနိုင်ငံက ညွန့်ပေါင်းဥပဒေပြုအမတ်တွေဟာ သမ္မတ ထရာရီယန် ဘာဆက်စကူး ကို ဝန်ကြီးချုပ်ဖြစ်သူနဲ့ အာဏာလုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးဖို့ လုပ်ဆောင်နေကြပါတယ်။

ဒီလို ညွန့်ပေါင်းအဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ တလလောက်ရှိနေပြီဖြစ်တဲ့ သမ္မတ ဘာဆက်စကူး အပေါ် ဝန်ကြီးချုပ် ဗစ်တာ ပွန်တာ က တိုက်ခိုက်နေမှုရဲ့ နောက်ဆုံးခြေလှမ်းဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ဆိုရှယ်ဒီမိုကရက်ပါတီ ပါဝင်ဖွဲ့စည်းထားတဲ့ သုံးပါတီညွန့်ပေါင်း လစ်ဘရယ်ဆိုရှယ်ပါတီ USL က လွှတ်တော်အမတ်တွေက တနင်္ဂနွေနေ့မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးပြီး သောကြာနေ့ နောက်ဆုံးထားပြီး သမ္မတကို ဆင့်ခေါ်စစ်ဆေးဖို့အတွက် မဲခွဲနိုင်ရေး ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

တချို့လွှတ်တော်အမတ်တွေကတော့ ညွန့်ပေါင်း အုပ်စုက သမ္မတကို ဖယ်ရှားပစ်ရေး ကြိုးပမ်းနေမှုဟာ တရားမဝင်ဘူးလို့ ပြောကြပါတယ်။ ဝန်ကြီးချုပ်က သမ္မတကို တိုက်ခိုက်တာဟာ ရိုမေးနီးယားနိုင်ငံရဲ့ ဒီမိုကရေစီကို ဖျက်လို့ဖျက်ဆီး လုပ်ရာကျကြောင်း ဒါကြောင့် ဝန်ကြီးချုပ်ကို မသမာမှုနဲ့ နုတ်ထွက်ပေးဖို့ သူတို့က တောင်းဆိုနေပါတယ်။

သမ္မတကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ပြီး သူ့ရဲ့အာဏာကို ပိုမို အသုံးချမှုနဲ့ စွပ်စွဲနေကြတာဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကတော့ နောက်ဆုံးအတည်ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကလည်း USL ညွန့်ပေါင်းအဖွဲ့က သမ္မတ ဘာဆက်စကူးကို တာဝန်ကနေ ခေတ္တ ရပ်စဲပစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လူထုသဘောထား ကောက်ခံတဲ့အခါ ထောက်ခံမှုရတဲ့အတွက် သမ္မတတာဝန်ကို ပြန်လည်ထမ်းဆောင် နေတာဖြစ်ပါတယ်။

XS
SM
MD
LG